မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Thursday 15 December 2011

အချစ်ကြောင်းရှာရှာလည်ခဲ့သူ

        မြို့ကြီးမှာ မွေးဖွားသူတွေအထင်ကတော့ တောသားမြို့ရောက် ‘ကသောက်ကယောက်’တဲ့ ကိုဒါသ တစ်ယောက် မိမရှိ ဘမရှိ တစ်ကောင်ကြွက်တစ်မျက်နှာ တောမှာနေသော်လည်း ထမင်းတစ်နပ် စာအတွက် ပူပင်သောကရောက်စရာမလိုပါ တစ်ရွာလုံးကသူကို ရိုးသားဖြောင့်မတ်သောကြောင့် ချစ်ခင်ကြသည်။ ဘယ်သူခိုင်းခိုင်း ညိုညင်သည်မရှိ သူထမင်းစားရလျှင် ကျေနပ်နေတတ်သူ၊ အသက်အရွယ်ကရလာတော့ ကြုံရာအလုပ်လုပ်ကိုင် စားသောက်နေလို့မဖြစ်ကြီးပွားရာ ကြီးပွားကြောင်းရှာရတော့မယ်ဆိုပြီး ရန်ကုန်မြို့ကို အလုပ်ရှာရန်ရောက်လာခဲ့ပါတယ်၊ ကိုဒါသအတွက် တည်းစရာနေရာအခက်အခဲ့တွေ့လာတော့ ရွာဘုန်းကြီး သီးတင်းသုံးရာ ဘုန်တော်ကြီးကျောင်းမှာ ကျောင်းသားအဖြစ်နဲ့ တည်းခို နေထိုင်ရတာပေါ့. ဘုန်းကြီး ဦးဇင်း ကိုရင် တွေဆွမ်းခံပြန်လာတိုင်း ဆွမ်းဟင်းခွက်ဆေးပေး ဝေယျာဝစ္စလုပ်ပေး အားလုံးက ကိုဒါသကို မချစ်ခင် သူမရှိ၊ ဘုန်းကြီးကျောင်းမှာ နေထိုင်းရင်း ကိုဒါသ အတွက် စေတနာအကျိုးပေးကောင်းတယ် ဆိုရမလား။

      ဆရာတော်ဒကားရင်းတစ်ယောက်က အိမ်မှာ အလုပ်သမားမရှိတော့ ဆရာတော်ဆီမှာ အလုပ်သမား တောင်းတော့ ရိုးသာကြိုးစားလိမ္မာလှတဲ့ ကိုဒါသကို ဆရာတော်က သူဌေးဆီထည့်ပေးလိုက်တာပေါ့  ကိုဒါသတစ်ယောက် ရွေပင်နားတော့ ရွှေကျီး ငွေပင်နားတော့ ငွေးကျီး ဆိုတဲ့စကားအတိုင်း သူဌေးခိုးင်းတိုင်း မခိုမနားလုပ်တတ်သော ကိုဒါသကို သူဌေးကသဘောကျတော့ အစားကောင်း အသောက်ကောင်းနေ့တိုင်း စားသောက်နေရသော ကိုဒါသတစ်ယောက် တစ်နေ့ထက်တစ်ရက် အလှတွေတိုးလာခဲ့ပါတယ်၊ ဟိုတုံးကပင် အသားဖြူ အရပ်ရှည်ရှည် ကိုဒါသ သူဌေးအိမ်က ထမင်းကောင်း ဟင်းကောင်းနဲ့စားရတော့ ခန္ဒာကိုယ် ၀ဖြိုး အလှတိုးလာတာမဆန်းတော့ပါဘူး။

     သူဌေး လင်မယားမှာလည်း လက်မွေးမီမလောင် ခြေမွေးမီးမလောင် အသက်နဲ့ ထပ်တူချစ်ရတဲ့ မပဋာ ဆိုတဲ့သမီးတစ်ယောက်ရှိပါတယ်၊ မပဋာ ရဲ့ ဘ၀ပေးကုသိုလ်ကံကောင်းတော့ သူဌေးအိမ်မှာ လူဖြစ်ရတဲ့ မပဋာ တစ်ယောက် အပြင်လောက ဆိုတာသူအတွက် ကျောင်းသွားချိန်ကလွဲပြီး မမြင်ဖူးသလောက်ပါပဲ …… ကျောင်းသွားချိန်မှာတောင် အဒေါ်ဖြစ်သူ ခင်သီတာက ကိုယ်ရံတော် အဖြစ်လိုက်ပါနေတော့ သူမကို ချစ်နေကြတဲ့ ကျောင်းသားလေးတွေက အနားမကပ်ရဲကြပါဘူး…..ဒါကြောင့် မပဋာ မှာ ယောက်ျားလေး သူငယ်ချင်းဆိုတာ မရှိခဲ့ပါဘူး။ 


        မပဋာလို ဘ၀အကျိုးပေးကတော့ ရှားမှရှားထင်ပါရဲ့ ကျယ်ဝန်းလှတဲ့ စံအိမ်ကြီး မှာနေပြီး ကျူရှင်ဆရာ အကသင်တန်းနည်းပြဆရာ ကျန်းမာရေးစောင့်ရှောင့်ပေးတဲ့ ဆရာဝန်တွေ အတွက် လုံးဝ ပြင်ပလောကမှာ ကူးစရာမလို သင်တန်းတက်စရာမလို မပဋာ တစ်ခုဖြစ်စေချင်ရင် အားလုံးက အဆင်သင့်….စံအိမ်ပေါ်မှာနေပြီး လူတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေတဲ့ မပဋာတစ်ယောက် ကျောင်းပြီး ဘွဲ့ရတော့ စိတ်ကစားတတ်လာတဲ့ အချိန်ရောက်လာခဲ့ပါတယ်..သွေးသားကနိုးဆိုပေးမှုးလား ပဌာန်းဆက်ပါတယ် ပြောရမှာလား….မပဋာတစ်ယောက် အိမ်မှာအလုပ်လုပ်ဖို့ခေါ်ထားတဲ့ ကိုဒါသအပေါ်မှာ တိတ်တခိုး အချစ်နဲ့ ချစ်နေမိပြီးတာ မပဋာ သူကိုယ့်သူသိလာခဲ့ပါတယ်။

         ကိုဒါသ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ရတာကို မြင်ရတဲ့အချိန်၊ ပန်းအိုးကို ဟိုရွှေ့ဒီရွှေ့ ကားကိုသန့်ရှင်းရေးတွေလုပ်ပေးနေရတဲ့အချိန်တွေမှာ ကိုဒါသကိုကြည့်ပြီး သနားနေမိတတ်ပါတယ်။ တစ်ခါတစ်လေ မိဘတွေ အပြင်သွားနေတဲ့ခါမျိုးမှာ ကိုဒါကိုခေါ်ပြီး ရေခဲသေတ္တာထဲက စားစရာတွေ ခိုးခိုးပေးခဲ့တယ်၊ အ၀တ်အစားတွေ ညစ်ပတ်နေတာကို မြင်ရပြန်တော့လည်း မနေနိုင်ခဲ့ပါဘူး အ၀တ်အစားတွက်  မုန့်ဖို့အတွက် ပိုက်ဆံတွေကို ကိုဒါသကိုပေးခဲ့တယ်။ ကိုဒါသတစ်ယောက် မပဋာကို ကျေးဇူးတင်ပါတယ် မပဋာရယ်လို့………ပြောချင်ပေမယ့် သူဌေးမျက်နှာရှိလေတော့ …အပြင်ထွက်ပြောချင်တဲ့ စကားလုံးတွေက ကိုဒါသ ရင်ထဲမှာ အကြိုက်အခဲ အဖြစ်သာတည်ရှိနေခဲ့တော့တယ်။

      မပဋာတစ်ယောက် ကိုဒါသ ကို တိတ်တခိုးချစ်လာခဲ့တာ ရာသီးတွေပြောင်းလို့ အေးမြတဲ့ ဆောင်ရာသီ ကိုရောက်လာခဲ့ပြီ ဂိုးဒေါင်ထည်းမှာ အခင်းမရှိ စောင်မရှိ ပုဆိုးကို စောင်လုပ်ပြီး အိပ်နေရတဲ့ ကိုဒါသကို မပဋာ တစ်ယောက် သူအခန်းကနေမြင်ရတော့  သနားခြင်း ဂရုဏာစိတ်တွေပေါ်နေခဲ့ပြန်တယ်၊ သူမအိပ်နေတဲ့ စောင်လေးကို ကိုဒါသ အိပ်နေတဲ့ ဂိုးဒေါင်ထည်းသို့ ပစ်ပေးလိုက်ပေမယ် ကိုဒါသတစ်ယောက် ကြောင်ခုန်ချ တယ်အထင်နဲ့ ပုဆိုးကို ဂေါင်းမြီးချုံအိပ်နေတာကနေ ထမကြည့်ဖြစ်ပါဘူး၊ မပဋာကလည်း ထမကြည့်တဲ့ ကိုဒါသ အပေါ်ကို အနားမှာရှိတဲ့ ပန်းအိုးက ခဲလုံးနဲ့ပေါက်လိုက်တော့မှ ကိုဒါသ ကြည့်လိုက်တော့ တစ်လောက လုံးက အလင်းရောင်ပေးနေတဲ့ လမင်းကြီးရဲ့ အလင်းရောင်ကနေတစ်ဆင့် ဖြူဖွေး နုညံး တဲ့ မပဋာရဲ့ မျက်နှာကို ကြည့်ပြီး ကျေးဇူးအထူးတင်ရှိပါတယ် မပဋာရယ်လို့ တစ်လောကလုံးကို ကြားအောင် အော်ပြောလိုက်ချင်ပေးမယ် ရင်ထဲကစကားလုံးတွေ ထွက်မလာခဲ့ပါဘူး။

      မပဋာကလည်း အိမ်မှာ အလုပ်လုပ်ဖို့ခေါ်ထားတဲ့ ကိုဒါသကို ချစ်နေပေမယ် အိမ်က သဘောမတူနိုင်ဘူးဆိုတာ ကိုစိတ်ကနေသိနေခဲ့ပါတယ်။ အဲဒီည တစ်ညလုံး မပဋာ အိပ်မပျော်နိုင်ပါဘူး ကိုဒါသလည်း မပဋာတစ်ယောက် သူကို ဘာကြောင့်များ ဒီလောက် သဘောတွေကောင်းနေရသလဲလို့ စဉ်းစားခန်းတွေ ဖွဲ့နေလို့ အိပ်မပျော်ပါဘူး။ တစ်ခါတစ်လေ အိမ်ပေါ်ကို တစ်ဖြောင့်ဖြောင့်ကျနေတဲ့ နှင်းစက် လေးတွေရဲ့ အသံက သူတို့ နှစ်ယောက်အတွက် ရထား ဥသြဆွဲသံသလို့ ဆူညံနေခဲ့ပါတယ်။ အိမ်ဘေးနာက လမ်းသွယ်ကနေ ဖြတ်မောင်းနေတဲ့ ကားသံတွေကလည်း သူတို့နှစ်ယောက်အတွက် ရန်ကုန် မန္တလေး ပြေးသွား နေတဲ့ရထားသံလိုဆူညံနေခဲ့ပါတယ်။
 
       ဒီလိုနဲ့တစ်နေ့ မိဘတွေ မရှိခိုက် ကိုဒါသကို မပဋာက အတင်းခိုးပြေးခိုင်းတော့ ကိုဒါသကလည်း ကြိုးတင်စီစဉ်းထားတာမရှိတော့ တောရွာလေးတစ်ရွာကို ခိုးပြေးခဲ့ပါတယ်။ ဟိုတစ်ချိန် မိဘရဲ့ မေတ္တာအောက် မှာနေခဲ့စဉ်က စံအိမ်ကြီးသည် အခုအချိန်မှာ တည်းလေးဖြစ်နေတော့တယ် ဟိုတစ်ချိန်ကစားခဲ့ရတဲ့ ပေါ်ဆန်းမွေး ထမင်းသည် အခုအချိန်မှာ မပဋာအတွက် ဆန်းကြမ်းနဲ့ပဲ စားသောက်နေရတော့တယ်၊ ဟိုတစ်ချိန်က အိမ်ရှေ့မှာစိုက်ထားတဲ့ ရောင်စုံပန်းလေးတွေဟာ အခုအချိန်မှာတော့ မပဋာအတွက် စပါးတွေကို ပဲမြင်နေရတော့တယ်၊ ဟိုတစ်ချိန်က ၀တ်ခဲ့ရတဲ့ ပိုးထမည်းသည် အခုအချိန်မှာ ပန်းရောင် မရှိ တဲ့ လုံချည်ကိုပဲ ၀တ်ဆင်နေရတတော့တယ် …. ဒါပေမယ် မပဋာ စိတ်မဆင်းရဲ့ပါဘူး ကိုဒါသ ကိုချစ်နေတဲ့ သူမရဲ့ အချစ်ရှိသမျှ ဘယ်တော့မှ နောင်းတရမယ်ဆိုတာ မရှိဘူး။ မိဘနှင်မောင်ကို တောင် မပဋာ သတိမရခဲ့တော့ပါဘူး။


             ကိုဒါသတစ်ယောက်အတွက်ကလည်း ဟိုတစ်ချိန်က ပါးစပ်တစ်ယောက်တည်းရှိတာ ယခုဆိုလျှင်ပါးစပ်ပေါက် နှစ်ပေါက်ဖြစ်နေတော့ အလုပ်ကို ကြိုးစားပြီး လုပ်နေရပေမယ် မပဋာရဲ့ မျက်နှာကို မြင်လိုက်တိုင်း ပင်းပန်းမှူးတွေဟာ ပျောက်ကွယ်နေတော့တယ်။ ဒီလိုနဲ့နေလာခဲ့တာ သားတစ်ယောက်ကို ခက်ခဲ့စွာမွေးဖွားခဲ့ပါတယ်။ ဒုတိယသားကိုမွေးဖွားခါနီး ကြိုတင်ပြင်ဆင်မှူးမရှိ ပိုက်ဆံကလည်းမရှိတော့ ခက်ရာခက်ခဲ့မွေးမယ်ဆိုပြီး ကိုဒါသ တောထည်းကို ထင်းရှာဖို့သွားတော့။ မိုးကလည်းရွာ လေကတည်းတိုက်ဆိုတော့ ကိုဒါသ မွေကိုက်ခံရလို့တောထည်းမှာ သေဆုံးခဲ့ပါတယ်။ ကိုဒါသ တစ်ယောက် အတွက် ကံဆိုးမသား သွားရာလမ်းမိုးလိုက်ရွာ ဆိုသလို မွေးဖွားနေတဲ့သားလေးရဲ့ မျက်နှာဖြူသလားမည်း သလားမသိရှိခဲ့ရရှာဘူး၊ မနက်မိုးလင်း ကိုဒါသတစ်ယောက် ထင်းသွားရှာတာပြန်မလာဘူးဆိုပြီး မပဋာ တောထည်းကိုသွားပြီး ကိုဒါသကိုရှာတော့ အဆိပ့်သင့်ပြီး သေနေတဲ့ ကိုဒါသကို တွေ့ရတော့ ရူးမတတ်ခံစားခဲ့ ရပါတယ်။

          မပဋာ အဖို့ အားကိုးရားဆိုတော့လည်း ဘယ်သူတစ်ဦးတစ်ယောက်မှမရှိတော့တဲ့ ဒီရွာကနေ မိဘရှိရာ ရန်ကုန်ကို ပြန်လာတော့ မကြာခင်ရက်ကတိုက်ခတ်ခဲ့တဲ့ နာဂက်စ် မုန်းတိုင်းကြောင့် ဧရာဝတီ မြစ်ရေစီကသန်နေတော့ သားကြီးကို ဒီဘက်ကမ်းမှာထား မွေးကင်းစသားငယ်ကိုချီကာ ဟိုဘက်လကမ်းအကူး သားငယ်ကို ထားပြီး သားကြီးကိုခေါ်ဖို့ ပြန်အလာ မြစ်လယ်ရောက်တော့ သားငယ်ကို ငှက်ကချီ သွားတာကိုကြည့် လက်ခုတ်တီးပြီး ခြောက်လှမ်းတာကို သားကြီးက သူကို ခေါ်နေတယ် အမှတ်ဖြင့် မြစ်ထဲကို ဆင်းလာတော့ မပဋာမှာ ဂဏန်းလည်းမရ လက်မလည်းမရဆိုသလို သားငယ်ကို စွန်ချီ သားကြီးက ရေမှာမျှော လင်တော်မောင် ကိုဒါသကလည်း မွေကိုက်လို့သေ။ 


    မီးတွင်းကနေထွက်လာတာမကြာသေးတဲ့ မပဋာ အရူးတစ်ယောက်လို ရန်ကုန်မြို့မှာ လျှောက်လှည်ပြီး မိဘကို ရှာပုံတော်ဖွင့်နေပေမယ့် တိုက်ခတ်ခဲ့တဲ့ နာဂက်စ် မုန်းတိုင်း ကြောင်း မိဘနှင်မောင်က အလုပ်က အပြန် လမ်းဘေးက ကုက္ကိုပင် ကြိုးကျပြီး သေခဲ့သွားပြီးဆိုတဲ့ သတင်းကိုလည်းကြားရတော့ မပဋာ တစ်ယောက် အရူးမတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။ ၀တ်ထားတဲ့ အ၀တ်အစားကလည်း မြစ်ကမ်းနာကရလာတဲ့ ကိုးရီးယား စကတ်တိုလေး နဲ့ ဟိုသွား ဒီသွားသွားနေရှာတော့ နာဂက်စ် ကူညီးရေး တရားဟော နေတဲ့ ဆရာတော်တစ်ပါးရဲ့ တရားပွဲရောက်သွားတော့ အနားက တရားနာနေသူ တစ်ယောက်က တဘက်လည်း တစ်ထည်ပေးတာကို ကိုယ်မှာပတ်ပြီး ဆရာတော် တရားပြီးဆုံး အောင်နာကြားရပြီးတဲ့နောက် သတိသံဝေဂရကာ သီလရှင်အဖြစ် ခံယူသွားခဲ့ပါတယ်။

                          မှတ်ချက်။ ဓမ္မပဒ လာ ပဋာစာရီ ၀တ္တူကို ကိုးကားရေးသားသည်။


                                                                                 ashinvisuddha
                                                                                Nalanda University
                                                                                          India

No comments:

Post a Comment