မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Friday 30 December 2011

တောင်နီတောင်ကို သက်သေတိုင်၍


          ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်သူတော်များအဖို့ ရက်ကောင်းရက်မြတ်ဖြစ်ပေသည် မြတ်ဗုဒ္ဓကို အကြွင်းမဲ့သက်ဝင်ယုံကြည်ကြသော မာန်အောင်သူ မာန်အောင်သားများသည် ကဆုန်လပြည့် မတိုင်ခင် လေးငါးရက်ကတည်းက တောင်နီဘုရားကိုသွားရောက်ပြီး ချက်ပြုတ်စားသောက် ရဟန်းသံဃာများကို ဆွမ်းကပ်လှူဒါန်းပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ညောင်ရေသွန်းလောင်းကြသည်။ ကျွန်တော်သည် တောင်နီဘုရားကို တစ်ခါမှ မရောက်ဖူးသေးသော်လည်း သွားချင်စိတ်က တဖွဖွဖြစ်နေ့ခဲ့သည်မှာ ကြားခဲ့လေပြီ၊ ဒီနှစ်တော့ မဖြစ်မနေသွားမည်ဟု ဆုံးဖြတ်ကာ သူငယ်ချင်းများတိုင်းပင်ပြီး ကဆုန်လဆန်း ဆယ်သုံးရက်နေ့ တောင်နီဘုရားကို သွားရောက်ခဲ့ကြသည်။

          ကျွန်တော်တို့အုပ်စုတွင် မိန်းကလေး ယောက်ျားလေး စုစုပေါင်း နှစ်ဆယ်ကျော်ပါဝင်သဖြင့် ပျော်စရာ ကောင်းသောလမ်းခရီးဖြစ်နေသည် တစ်ယောက်နှင့်တစ်ယောက် စလိုက် နောက်လိုက် သွားကြသောကြောင်း မမောနိုင်မပန်းနိုင်ခဲ့တာတော့ အမှန်ပေ တစ်ချိုချစ်သူစုံတွဲများသည် လမ်းခရီးတစ်လျောက် ချစ်စကားတွေသီဖွဲ့ ချစ်သူမရှိကြသူများအဖို့တော့ သီးချင်းလေး တကြာကြာနဲ့တောတောင်တွေကိုကျော်ဖြတ်ကာ ညနေ ခြောက်နာရီကျော်အချိန်တွင် တောင်နီဘုရားသို့ရောက်ရှိပြီ အနောက်ဘက်စခန်းတွင် အုပ်စုလိုက်နေရာချကာ နေထိုင်ကြသည်။

          တောင်နီဘုရားကိုရောက်ချင်းချင်းကျွန်တော်သည် အမေ အဖေတို့ပြောပြဖူးသည့်အတိုင်း တောင်နီတောင်မှ မျက်ပင်များကို နမ်းကြည့်သောအခါ မျက်ပင်များသည် မွေးပျံ့ကြိုင်လှိုင်နေသည်ကို ထူးဆန်းမူတစ်ခုကို တွေ့ရှိရပါသည်။ ကျွန်တော်တို့အုပ်စုသည် ငါးကြီးအာနန္ဒာဘုရားကို သွားဖူးသော် လမ်းတစ်လျောက် ကြက်ပျံမကျ စည်းကားနေသည်။ ညနေထမင်းစားသောက်ပြီး အရှေ့ဘက်စခန်းကိုအသွား တောင်အောက်ကနေ အပေါ်ကိုတက်လာသော မိန်းကလေး တစ်ယောက်နဲ့ ၀င်တိုက်မိကာ ကောင်မလေး တစ်ယောက်လဲကျသွားတာကို ကျွန်တော်က ဆောရီပါ ကျွန်တော် မမြင်လို့ တိုက်မိသွားတာကို ခွင့်လွတ်ပါဟု တောင်းပန်လိုက်သည်။

          မိန်းမပျော်သည် ရပါတယ်ရှင့် ကိစ္စမရှိပါဘူး ကျွန်မလည်း မနာပါဘူး နောက်တော့ ဒီလိုမဖြစ်စေနဲ့သတိနဲ့သွားပေါ့ ဟု ညင်သာစွာ ပြောလိုက်သော အသံကိုကြားလိုက်ရတော့ ကျွန်တော်အတွက် အဆဲခံရပြီးဟု မှတ်ထားသော အတွေးသည် ခွင့်လွတ်တတ်သော သူမကို စတင်တွေ့ရှိခဲ့လေသည်။ တောင်နီဘုရားတွင် ကဆုန်လပြည့်ညောင်ရေသွန်းပွဲပြီးဆုံးသွားသော်လည်း ကျွန်တော်တို့အုပ်စုသည် ရွာမပြန်ဘဲ ညောင်ပင်လှရွာဘက်ဆင်းကာ ကျွန်းပတ်ပြန်လာခဲ့ကြသည်။

          ရာသီတွေကျော်ဖြတ် ခေါင်လောင်းသံလွင့် ကျောင်းကြီးဖွင့်သော ကာလတွင် ကျွန်တော်သည် တက္ကသိုလ်ဝင်တန်းတက်ရန် မာန်အောင်မြို့သို့ပြောင်းရွေကာ မာန်အောင် အ-ထ-က တွင် ကျောင်းတက်ရတော့မည်။ ကျွန်တော်သည် မာန်အောင်မြို့ အ-ထ-က တွင် ကျောင်းတက်ရတော့မည်ဟု သိကတည်းက ရင်ထဲတွင်ကြိုက်မှိုက်ပျော်ရွင်နေသည် ဘာကြောင်းမှန်းတော့မသိ၊ တခါမှ မာန်အောင် အ-ထ-က ကျောင်းကို မရောက်ဖူးသော ကျွန်တော့်အတွက် ရောက်ရှိသောအခါ ဟိုသွားဒီသွားတစ်ယောက်တည်း လှည့်ပတ်ကြည့်နေသည်။ကျောင်းတော်ကြီးသည်ကား ကျယ်ဝန်ပြီး လှပသန့်ရပ်လှပေသည် ကျယ်ဝန်းလှသော အောင်ဇေယျခန်းမ သန့်ရပ်ရှည်လျှားသော ကျောင်းဆောင်များကိုကြည့်ရင်း တစ်ယောက်တည်း ငိုင်နေခိုက် ကျွန်တော် တောင်နီဘုရားတွင် တိုက်မိခဲ့သော ကောင်မလေးကိုမြင်လိုက်ရသည်။

          တောကနေ ကျောင်းလာတက်သော ကျွန်တော့အတွက် အဖေါ်သူငယ်ချင်းဆိုတာ ဗလာနတ္ထိ၊ သူငယ်ချင်းမရှိသော ကျွန်တော်သည် သူမအနားသို့သွားကာ “နင်က ဒီကျောင်းမှာတက်တာလား” ဟုမေးလိုက်သည်။ သူမသည် ကျွန်တော်ကိုမမှတ်မိပေ ကျွန်တော်ကတော့ သူမကို တွေ့တွေ့ချင်းမှတ်မိသည်။ ဟုတ်ကဲ့ရှင့် ကျွန်မဒီမှာကျောင်းတက်ဖို့ရောက်နေတာပါ။
အော်….ဒါနဲ့ကျွန်တော် နာမည် မောင်ကျော်လွင် လို့ခေါ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတောကနေ ကျောင်းလာတက်တာပါ။ နင်ကဒီမြို့ထဲကလာ? ဟုကျွန်တော် ကိုယ့်ကိုမိတ်ဆက်ပြီး မေးလိုက်မိသည်။
          မဟုတ်ဘူးရှင့် ကျွန်မက မိန်းမကြွယ် ကနေလာပြီး မြို့ထဲမှာ အိမ်ငှားကာ ကျောင်းလာတက်တာပါ ဟု ယဉ်းကျေးသိမ်မွေ့စွာ သူမပြောသည်။ ကျွန်မနာမည်က ခင်ထွေးရီ လို့ခေါ်ပါတယ်။
အော် ဟုတ်ကဲ့မှတ်ထားပါမယ်။ ဒါနဲ့ ရှင်က တစ်ယောက်တည်း သူငယ်ချင်းတွေ မပါဘူးလား ဟု သူမက ကျွန်တော်ကိုမေးသည်၊ ကျွန်တော်မှာ သူငယ်ချင်းမရှိဘူးခင်ဗျား တစ်ယောက်တည်းလာတာပါ၊ ဒါနဲ့ ကျွန်မ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ့် သူနာမည်က သီတာလှိုင် သူနာမည်က အေးသီတာ မှတ်ထားနော် ကျွန်မတို့က စတတ်နောက်တတ်တယ်ရှင့်။ ကျောင်းဆင်းရင် မုန့်ကျွေးရမယ်နော် ဟု သူမ ကျွန်တော်ကို စသလို နောက်သလိုပြောပြောသော်လည်း ကျွန်တော်က ဟုတ်ကဲ့ သူငယ်ချင်းဖြစ်ရတာ ၀မ်းသာပါတယ်ချင်ဗျား၊ ဒါနဲ့ ကျွန်မသွားတော့မယ်နော် ဟု နုတ်ဆက်ကာ သူမထွက်သွားလေသည်။

          ကျွန်တော်နှင့် ခင်ထွေးရီသည် အတန်းတူသော်လည်း အခန်းချင်းမတူပေ ကျွန်တော်တို့သည် ခင်ထွေးရီနှင့် ကျောင်းပိတ်ရက် စနေ တနင်္ဂနွေ ရက်များမှာ သူငယ်များနှင့် မဟာကြီးဘုရားသွား ရန်အောင်မြင် ဘုရားသွား လျောက်လည်ကြသည် တစ်ခါတလေ သူငယ်များစုက ခအုံးမော် ဘက်သွားကာ ပင်လယ်ကမ်းခြေမှာ ထမင်းချက်ပြုစားသောက်ခဲ့ကြသည်။ ခင်ထွေးရီနှင့် ကျွန်တော်သည် ရင်းနီးသော သူငယ်ချင်းဖြစ်ကြသည် ဒါပေမယ့် ခင်ထွေးရီတစ်ယောက် တောင်နီဘုရားမှာ သူမနှင့်ဆုံခဲ့တာကိုတော့ မှတ်မိမယ် မထင်ပါ။
          ရက်တွေ လတွေက တဖြည်းဖြည်းနဲ့ကုန်ဆုံးလာလေသည် ကျွန်တော်နှင့် ခင်ထွေရီ တို့သည်လည်း ပြောမနာ ဆိုမနာ သူငယ်ချင်းများဖြစ်ခဲ့ကြသည်။ ကျွန်တော်တို့ ကျောင်းတော်ကြီးရဲ့ ကျောင်းသားစုံညီ ကပွဲသည်လည်း တဖြည်းဖြည်းနီကပ်လာခဲ့ပြီ ကျွန်တော်သည် ခင်ထွေးရီကို တောင်နီဘုရားမှာတွေ့ကတည်း ချစ်ခဲ့တာ ကျွန်တော်ကို ကျွန်တော်သိသည်။ ကျောင်းတက်တာကာလ တစ်လျောက် သူမကို ကျွန်တော် အချစ်ရေးမဆိုခဲ့ပေ ဒါပေမယ့် ကျောင်းကပွဲမှာ သူမ လှယဉ်ကျေးမယ် ၀င်ပြိုင်မှာကို ခင်ထွေးရီ ကျွန်တော်ကို ပြောလို့ ကျွန်တော်သိခဲ့သည် သူမပြောထားသောနေ့ကပင် ကျွန်တော် မုန့်မစားပဲ အိမ်ကမုန့်ဖို့ပေးတာကို စုထားပြီး ကင်မရာတစ်လုံ ၀ယ်ထားခဲ့တာ ဘယ်သူမှမသိပေ၊ ကျောင်းကပွဲမရောက်မှီတရက်အလို ခင်ထွေးရီ ကျွန်တော်ကို မေးသည် နင် သူငယ်ချင်းမဆိုဘူးလားတဲ့ ငါက အသံမကောင်းတော့ မဆိုတော့ဘူး ဟုပြောလိုက်သည်။ ဒါပေမယ့် ငါနင်ကိုလာအားပေးမယ်ဟု ကျွန်တော်ပြောလိုက်သည်။

          ကျောင်းကပွဲရက် ဇာတ်ရုံရှေ့သို့ ကျွန်တော် ကင်မရာကိုင်ကာ အစောကြီးရောက်နေခဲ့သည်၊ သီးချင်းဆိုပြီး လှယဉ်ကျေးမယ်ပြမယ့်အချိန်းရောက်တော့ အသင့်ပါလာသော ကင်မရာကို ကျွန်တော်ထုတ်ကာ ခင်ထွေးရီ အလှည့်ရောက်တော့ ကျွန်တော် ခင်ထွေးရီ မသိအောင် သူမရဲ့ လှမ်းလျှောက် ပုံကို တပုံပြီး တပုံ ရိုက်ထားလိုက်သည်။ ဒါပေမယ့် ကျွန်တော် ခင်ထွေးရီကို ဓါတ်ပုံရိုက်ထားသည်ကို ဘယ်တော့ မပြောခဲ့ပေ၊ ကျွန်တော်တို့ကျောင်းတော်ကြီးရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးသည် ပြီးဆုံးခြင်းသို့ရောက်ရှိခဲ့လေသည် ကျွန်တော်သည် စာမေးပွဲပြီးပြီးချင်း တောကြက်တောင် ဘုရားပွဲအမှီ ရွာပြန်လာခဲ့သည် ခင်ထွေးရီ အပါအ၀င် သူငယ်ချင်းများကို တောကြက်တောာင် ဘုရားပွဲ လာဖို့ ဖိတ်ကြားခဲ့သည် တောကြက်တောင်ဘုရားပွဲသည် တပို့တွဲလ တက္ကသိုလ်ဝင်တန်းစာမေးပွဲအပြီးနှင့် တိုက်ဆိုင်ပြီးကျင့်ပပြုလုပ် သော ဘုရားပွဲဖြစ်သည်။

          ခင်ထွေးရီနှင့် သူငယ်ချင်းများသည် ဘုရားပွဲလာရင် ကျွန်တော် အိမ်မှာ တည်းခိုးကာ ဘုရားပွဲကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရူးခဲ့ပြီးရွာပြန်ခါနီ တောင်နီဘုရားမှာ ဆုံးဆည်းရန် ချိန်းထားကြသည် ကျွန်တော်တစ်ယောက် ကဆုန်လပြည့်ရန် အကြိုင်ကြိုင် ဆုတောင်းနေမိသည်။ ကျွန်တော် ရင်မှာ သိုလှောင် ကိန်းဝပ်နေသော အချစ်သည်ကား ကဆုန်းလမှာ ပွင့်လန်းဖို့ ကျွန်တော် ရည်ရွယ်ထားပါသည်။ ဒီလိုနဲ့ ကဆုန်လပြည့်နေ့မရောက်ခင် ကျွန်တော်တို့ ထုံစံအတိုင်း တောင်နီဘုရားကို သွားရောက်ခဲ့ကြသည်။
          တောင်နီဘုရားတွင် ကျွန်တော် ခင်ထွေးရီကို လိုက်ရှာခဲ့သည် ခင်ထွေးနဲ့တွေပြီး သူမနှင့် ကျွန်တော် တိုက်မိခဲ့သော နေရာကိုသွားကာ ကျွန်တော်က ခင်ထွေးရီး ကိုပြောလိုက်သည်။ ခင်ထွေးရီ နင် ဒီနေရာကို မှတ်မိလား? ဟင့် အင် ကျွန်မမမှတ်မိဘူး။ ငါပြောပြမယ်နော် ဒီနေရာက နင်နဲ့ငါ စတင်တွေ့ရှိခဲ့တဲ့နေရာလေ နင်ကိုငါ ဒီနေမှာတိုက်မိလို့ နင်လဲကျသွားတဲ့နေရာ အဲဒီအချိန်ကလေ နင် ငါကို ဆဲပြီးထင်ခဲ့တာ နင်က ငါကို ကျေကျေနပ်နပ် ခွင့်ပြုခဲ့လို့ ငါအရမ်းဝမ်းသာခဲ့တယ်သိလား ဟု ကျွန်တော်ပြောလိုက်တော့ ခင်ထွေးရီက ငါတကယ် မမှတ်မိဘူးဟ တောင်းပန်ပါတယ်နော် ဟု သူမပြန်ပြောနေသည်။

          ခင်ထွေးရီ နင်ကို ငါအံသြစရာ ဖြစ်အောင်ပြမယ်နော် ရော့ ….နင်ရဲ့ဓါတ်ပုံတွေ ..ခင်ထွေးရီသည် သူ ဓါတ်ပုံများကို ကြည့်ကာအံသြမဆုံးဖြစ်သွားလေသည်။ နင် ငါကို ဘာဖြစ်လို့ ခိုးကြောင်ခိုးဝှက်ဓါတ်ပုံရိုက်တာလဲ ဟု သူမမေးလိုက်တော့ ငါက နင်ကို စပြီး ချစ်ခဲ့တာ နင်ကိုတိုက်မိခဲ့ကတည်းက ငါ နင်ကို ချစ်နေခဲ့တာ ဒါပေမယ့် ငါ နင့်ကို အဲအချိန်ကတည်းက မပြောဖြစ်ခဲ့ဘူး။ ကျောင်းမှာတွေ့မယ်ပြောမယ် အကြိမ်ကြိမ်အားယူခဲ့တယ် ငါတို့ရဲ့မပြီးဆုံးသေးတဲ့ ပညာရေးတွေကြောင်း ငါ မပြောဖြစ်ခဲ့တာပါ ခင်ထွေးရီ။ ‘နင်ငါနရဲ့အချစ်ကို လက်ခံလားဟင်’ ဟု မေးသာအခါ သူမ ခေါင်းအောက်စိုက်နေနေသည်။ ဒီလိုနဲ့ ခင်ထွေးရီနှင့် ကျွန်တော်တို့သည် ချစ်သူဖြစ်သွားခဲ့ကြသည်။

          ခင်ထွေးရီနှင့် ကျွန်တော်တို့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ကြသည် ဒါပေမယ့် ခင်ထွေးရီက စစ်တွေတက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး ကျွန်တော်က ရန်ကုန် စီပွားရေးတက္ကသိုလ်မှာ တက်ရောက်ကြသည် ဒါပေမယ့်ကျွန်တော်တို့နှစ်ယောက် အနေဝေးသော်လည်း မမေ့နှိင်မမုန်းနိုင်သော ချစ်ခြင်းတို့ဖြင့် အွန်လိုင်ကနေ မကြာမကြာတွေ့ဖြစ်ကြသည်။ ကျွန်တော် နိုင်ငံခြားရောက်သောနှစ်မှာပင် ခင်ထွေးရီး တစ်ယောက် အိမ်ကပေးစားသော ကောင်လေးတစ်ယောက်နဲ့ လက်ထပ်သွားလေသည်။ သူမ လက်မထပ်ခင် ကျွန်တော်ကို မှာသောလည်း ကျွန်တော် သူမဆီကို မသွားဖြစ်ခဲ့ပါ ဒါပေမယ့် ခုချိန်ထိ ကျွန်တော်ခင်ထွေးကို ချစ်တဲ့အချစ်သည် တစက်လေးမှ မလျှော့ခဲ့ အချစ်ဦးမို့ပဲလား ကျွန်တော်မပြောတတ်ပါ ကဆုံလကိုရောက်တိုင်း မမေ့နိုင်တာအမှန်ပါပေ။

          မြတ်စွာဘုရားအလောင်းတော်သည် ယသော်ဓရာမိဖုရားကို ကဆုံလပြည့်နေ့မှာ ထားပြီးတောထွက်ခဲ့သော်လည်း ကျွန်တော်ကတော့ ခင်ထွေးရီနှင့် ကဆုန်လပြည့်နေ့မှာ တွေပြီး ကဆုံလပြည့်နေ့မှာ သူမ အချစ်ကို ရရှိတဲ့နေ့ဖြစ်နေသောကြောင်း ကဆုံလသည် ကျွန်တော်အတွက် မမေ့နိုင်သော နေ့ဖြစ်လေသည် တောင်နီတောင်သည်လည်း ကျွန်တော်အတွက် ယနေ့တိုင် မေ့မသော တောင်တတောင်ဖြစ်နေသည်။

         

No comments:

Post a Comment