မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Friday, 4 May 2012

VOA နှင့်တွေ့ဆုံမေးမြန်းခန်းမှ ဒေါက်တာ ၀ါကာအူဒင်အား ဦးသန်းလွင်ထွန်း ကိုယ်စား မေးမြန်းခြင်း။

by Yan Aung on Sunday, April 29, 2012 at 7:38am ·
ဧပြီလ ၂၁ ရက်နေ့က ဗီအိုအေသတင်းစာမျက်နှာမှာ ဒေါက်တာဝါကာအူဒင်နဲ့ ဦးသန်းလွင်ထွန်းတွေ့ဆုံမေးမြန်းတာကို ဖတ်လိုက်ရပါတယ်..။ အဲဒီဆွေးနွေးခန်းအတွက် ဦးသန်းလွင်ထွန်း က မီဒီယာသမားမပီသစွာ မမေးရဲ၊ မမေးခဲ့တဲ့အချက်တွေကို ဦးသန်းလွင်ထွန်းကိုယ်စား ကျွန်တော် မေးမြန်းပါ့မယ်..။ ဦးသန်းလွင်ထွန်း ၀ါကာအူဒင်နဲ့ အင်တာဗျူးနေတဲ့ ကိစ္စု၊ မေးမြန်းနေတဲ့ မေးခွန်းတွေဟာ.. ဘင်္ဂလီမဟုတ်တဲ့ ကိုယ့်နိုင်ငံထဲက လူမျိုးစုတိုင်းရင်းသားတွေရဲ့ အနာဂတ်၊ လူ့အခွင့်အရေးနဲ့ နောက်ဆက်တွဲအကျီုဆက် ဘယ်လောက်ဖြစ်လာနိုင်သလဲဆိုတာ သဘောပေါက်သင့်ပါတယ်.။

ဦးသန်းလွင်ထွန်း ပထမဆုံး မေးသင့်တာက…။  ရိုဟင်ဂျာဆိုတဲ့ .. နာမည်နဲ့ ရိုဟင်ဂျာတိုင်းရင်းသားတွေ စတင်ပေါ်ပေါက်လာပုံကို ပြောကြားစေလိုပါတယ်လို့ မေးမြန်းသင့်ပါတယ်..

ဒေါက်တာ ၀ါကာ အူဒင်ရဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ဖြေဆိုချက်မှာ ရိုင်ဂျာလူမျိုးတွေဟာ မြန်မာတိုင်းရင်းသားအစစ် ဖြစ်တာနဲ့ ဆိုတဲ့စကားလုံးကို သုံးသွားခဲ့ပါတယ်။ အဲဒီတိုင်းရင်းသားအစစ်ဖြစ်ကြောင်း အထောက်အထား ခိုင်ခိုင်မာမာ ဘယ်လောက်ရှိသလဲဆိုတာကို   ပြန်လည်မေးမြန်းသင့်ပါတယ်..။ လွန်ခဲ့တဲ့ နှစ်က RFA နဲ့ မေးမြန်းသွားတဲ့ အင်တာဗျူးတစ်ခုမှာ ဒေါက်တာအူဒင်က အာရပ်တွေသင်္ဘောပျက်ပြီး ရောက်လာခဲ့တယ်လို့ ပြန်ဖြေခဲ့ပါတယ်..။ မေးရင်လည်း ဒီအတိုင်းပဲဖြေမှာပါပဲ…။ ဒါပေမယ့် ပြည်တွင်းက ရိုဟင်ဂျာ(ဘင်္ဂလီ)တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်ကတည်းက ရိုဟင်ဂျာတွေရှိတယ်လို့ယူဆပါတယ်..။

အဲဒီတော့ ဦးသန်းလွင်ထွန်းထပ်ပြီးမေးသင့်တာက…..။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံထဲမှာ အတူတကွရှိလာတယ်ဆိုတဲ့ အဲဒီ တိုင်းရင်းသားလို့ အမည်ခံသူတွေက .. ဘာကြောင့် .. ရခိုင်စာ/ရခိုင်စကား ..လုံးဝမတတ်ပဲ.. ရခိုင်လို မပြောခဲ့ကြတာပါသလဲ..။ ယနေ့အထိ ရခိုင်နဲ့ ရုပ်ရည် လုံးဝ မတူခဲ့ကြတာပါသလဲ..။ နောက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ပွထ နေတဲ့ သမိုင်းအထောက်အထားတွေကြားထဲမှာ ရိုဟင်ဂျာတိုင်းရင်းသား ဆိုတတဲ့ နာမည်(အမည်/မှတ်တမ်း) တစ်ခုတစ်လေဘာ့ကြောင့် မပါကြပါသလဲ..။ အဲဒီမေးခွန်းတွေပါ..။
  နောက်တစ်ချက်က ဘင်္ဂလီ (ရိုဟင်ဂျာဆိုသူ)တွေက မြန်မာနိုင်ငံထဲမှာ လက်ထပ်လို့မရဘူး လို့ပြောသွားပါတယ်..။ တိုင်းရင်းသားအခွင့်အရေး မရဘူး လို့ ပြောသွားပါတယ်..။
အဲဒါဆိုရင် ဘူးသီးတောင်/မောင်တောမှာ အင်္ဂလိပ်တွေ စစ်တပ်းကောက်တဲ့အချိန်နဲ့ မြန်မာအစိုးရက နဂါးမင်းစစ်ဆင်ရေးတွေ လုပ်ခဲ့တဲ့အချိန် ခန့်မှန်းခြေ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ဘူးသီးတောင် မောင်တောမှာ ဘင်္ဂလီ(ရိုခိုင်မွတ်စလင်ဟု လိမ်ညာသုံးနှုန်းထားသူ) သောင်းဂဏန်းပဲရှိတဲ့အချိန်ကနေ အခု ဘူးသီးတောင် မောင်တောမှာ ဘင်္ဂလီ (မွတ်စလင်) ဦးရေ သန်းနဲ့ ချီသွားတာတွေက ဘယ်ကပြောင်းရွှေ့လာတာလဲ/ဘယ်ဥက ပေါက်တာတွေလဲဆိုတာ ပြန်လည်မေးမြန်းသင့်ပါတယ်..။

နောက်တစ်ချက်က မတူညီတဲ့ အစုအဖွဲ့နှစ်ခု အတူနေဖို့ ဖြစ်နိုင်ပါ့မလား လို့ မေးတဲ့အခါမှာ ဒေါက်တာ အူဒင်က We Are All Human လို့ ပြောခဲ့ပြီး ဖြစ်နိုင်ပါတယ်..။ ထိုင်းနဲ့ မလေးရှားကို နမူနာပြခဲ့ပါတယ်.။
မလေးက အစ္စလာမ်နိုင်ငံဖြစ်တဲ့အတွက် ဘာသာရေးနဲ့ရောထွေးနေထိုင်လို့ရပေမယ့်.. .အခု ထိုင်းနိုင်ငံတောင်ပိုင်းကပြဿနာတွေကို ကျွန်တော်တို့ အရင်ကတည်းက VOA နိုင်ငံတကာသတင်းတွေမှာလည်း ကြာခဲ့ဖူးပါတယ်..။ အစ္စလာမ်အစွန်းရောက်ကိစ္စတွေ နားထောင်ခဲ့ဖူးပါတယ်..။ ထိုင်းလို လွတ်လပ်တဲ့မူဝါဒတွေကျင့်သုံးတဲ့နိုင်ငံတွေမှာတောင် တောင်ပိုင်းက အစ္စလာမ်တွေခွဲထွက်ဖို့ကြိုးစားလို့ အကြမ်းဖက်မှုတွေဖြစ်ပေါ်လို့ ထိုင်းစစ်တပ်က နှိမ်နင်းတာတွေ၊ နောက်ပိုင်း ထိုင်းဘုန်းကြီးကျောင်းတွေထဲဝင်ပြီး သံဃာတော်တွေကို သတ်တဲ့အတွက် ထိုင်းအထူးတပ်ဖွဲ့တွေက ခေါင်းတုံးတုံး သင်္ကန်းစည်းပြီး လက်နက်အပြည့်အစုံနဲ့ ဘုန်းကြီးကျောင်းတွေကို စောင့်ရှောက်ကာကွယ်ခဲ့တာတွေက ထိုင်းတပ်မတော်က ကိုယ့်ဘာသာနဲ့ တိုင်းရင်းသားတွေကို ကာကွယ်ခဲ့တဲ့ ကမ္ဘာကျော် အထင်ကရဖြစ်ရပ်တွေပါ။ အခုထက်ထိလည်း အဲဒီပြဿနာကို ထိုင်းက မငြိမ်းသတ်နိုင်သေးပါဘူး..။ အဲဒါကြောင့် ရိုဟင်ဂျာ(ဘင်္ဂလီ) လှေတွေ ထိုင်းကို လာရောက်ခိုလှုံခွင့်တောင်းရင် ထိုင်းက အခြေချမခံပဲ လှေပ်ါတင် ပြန်မျှောပစ်တာ သက်သေပါပဲ..။ ထိုင်းတောင်ပိုင်းမှာ ဒုက္ခပေးနေတဲ့ အစ္စလာမ်အစွန်းရောက်တွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားတွေခိုင်မာနေတဲ့အတွက် ဒီလိုလုပ်ပစ်တာပါ..။ အဲဒါတွေကို ဦးသန်းလွင်ထွန်းတို့ သိရဲ့သားနဲ့ ဘာ့ကြောင့် အဲဒီအဖြစ်အပျက်တွေကို ထောက်ပြပြီး မမေးခဲ့တာပါလဲ ခင်ဗျား..။

ဘာသာတရားက နောက်တယောက်က ဘာသာတခုက နောက်တခုကို ဘယ်တော့မှ harm မပြုပါဘူး။ ဘာသာတရားဆိုတာ spiritual - ဒါကို စိုးရိမ်စရာ မလိုပါဘူး။ ယဉ်ကျေးမှု - ကျနော်တို့ ရိုဟင်ဂျာ ယဉ်ကျေးမှု က ကိုယ်ပိုင်ယဉ်ကျေးမှု ရှိပေမယ့် အဲဒီ ယဉ်ကျေးမှုက မြန်မာယဉ်ကျေးမှု၊ ရခိုင်ယဉ်ကျေးမှုကို ဘယ်လို ထိခိုက်ပါ့မလဲ။ ထိခိုက်လို့ မရပါဘူး။
ဆိုတဲ့ ၀ါကာအူဒင်ရဲ့စကားကို ပြန်လည်ထောက်ပြလို့ရတဲ့ အချက်တွေ၊ မေးခွန်းတွေ၊ ဥပမာတွေဖြစ်ပါတယ်..။

နောက်တစ်ချက်က ဒေါက်တာဝါကာအူဒင်ပြောခဲ့ပါတယ်..။
ရိုဟင်ဂျာတွေက ဘင်္ဂလားနဲ့ မတူဘူးလို့ပြောခဲ့ပါတယ်..။ ကျွန်တော်တို့သိသလောက် ကိုးကွယ်မှု/၀တ်စားဆင်ရင်ပုံ/ထုံးတမ်းစဉ်လာ/ဘာသာစကား .. သိပ်မကွာပါဘူး..။
ဘင်္ဂလားနဲ့မတူဘူးဆိုရင် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ခဲ့တယ်ဆိုတဲ့ ရခိုင်နဲ့ကကော ဘာ့ကြောင့် လုံးဝ မတူတာလဲခင်ဗျား..။ ဘာသာရေး/သမိုင်းကြောင်း/ဓလေ့ထုံးတမ်းစဉ်လာ/ဘာသာစကား.. ဘာမှ မဆိုင်ပါဘူး..။ အဲဒီလို ရခိုင်ပြည်နယ်ထဲမှာအတူနေပြီး ရခိုင်နဲ့ လုံးဝမတူတာကိုကော ဘာ့ကြောင့် မမေးမြန်းတာလဲခင်ဗျား..။ အဲဒီလို ကိုယ့်နိုင်ငံက ရခိုင်တိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့မေးခွန်းတွေကိုမေးဖို့ .. ဦးသန်းလွင်ထွန်း ပျက်ကွက်ခဲ့ပါတယ်..။ ကိုယ့် မြန်မာတိုင်းရင်းသား (အထူးသဖြင့်) ရခိုင်တွေရဲ့ မျက်နှာကို မထောက်ပဲ ချန်လှပ်ထားခဲတဲ့မေးခွန်းဖြစ်ပါတယ်..။

၁၉၅၀ စက်တင်ဘာလထုတ် ဂါးဒီးယန်းသတင်းစာမှာ ဘင်္ဂါလီနွယ်ဖွားတွေအတွက် ကမ္ဘာသိအောင် မွေးစားပေးခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့စကားလုံးအသုံးပြုပြီး အဲဒီမျိုးနွယ်တွေအတွက် နေရာတစ်နေရာ.. တိုင်းရင်းသားအဖြစ်သတ်မှတ်ဖို့တောင်းဆိုတာကို ဒေါက်တာဝါကာအူဒင်က အမေရိကန်အစိုးရ ဆီမှာ human rights violations လုပ်ခံရတယ်လိုပ ခေါင်းစဉ်တပ်ကြိုးစားနေတာကို Voa ကလည်း အင်တာဗျူးပေးခဲ့တာ.. တော်တော် အံ့သြမိပါတယ်..။  ဦးသန်းလွင်ထွန်းနေရာမှာ ကျွန်တော် မြန်မာစကားပြောတတ်တဲ့ မြန်မာတိုင်းရင်းသားတစ်ယောက်ဆိုရင် ကိုယ်မေးခဲ့တာတွေကို ပြန်သုံးသပ်ပြီး.. တော်တော် ရှက်မိမှာ အမှန်ပါပဲ..။ ..ဒီမေးခွန်းတွေဟာ ငါ့နိုင်ငံနဲ့ ငါတို့တိုင်းရင်းသားတွေအတွက်. အကျိုးရှိမရှိ သုံးသပ်မိမှာပါပဲ..။

နောက်ဆုံး ဒေါက်တာဝါကာအူဒင်ကို မှာကြားလိုတာက ရိုဟင်ဂျာ(ဘင်္ဂလီ) အနေနဲ့ အဲဒီလို human rights violations လုပ်ခံရတယ်လို့ယူဆတယ်ဆိုရင် ..ကျွန်တော်တို့ဘက်ကလည်း ဘူးသီးတောင်မောင်တော၊ စစ်တွေနဲ့ ရခိုင်ဒေသ အများစုက တစတစ လျော့ပါးလာတဲ့ ရခိုင်မျိုးနွယ်စုတွေအတွက် လူမှုရေး/စီးပွားရေ့း တစတစ၀ါးမျိုလာတဲ့ သမိုင်းမရှိတဲ့ဘင်္ဂလီတွေကြောင့် human rights violations  အလုပ်ခံနေရပါတယ်ဆိုပြီး ရခိုင်သမိုင်းပညာရှင်များ၊ မြန်မာတိုင်းရင်းသားများရဲ့ ဆန္ဒထောက်ခံပွဲများ..။ ရိုဟင်ဂျာ (ဘင်္ဂလီ) ဆိုသူတွေပတ်သက်ခဲ့တဲ့ သက်ဆိုင်ရာအထောက်အထားများနဲ့ ထိုင်းနိုင်ငံနဲ့ အခြားဒေသတွေက အကြမ်းဖက်မှုဖြစ်စဉ်ဥပမာများ၊ လူဦးရေပေါက်ပွားမှုစာရင်းများ ကို စုစည်းပြီး ဟီလာရီနဲ့ အမေရိကန်အစိုးရထံကို တင်ပြဖို့ ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း သိစေအပ်ပါတယ်..။

မည်သူမဆို  Share နိုင်ပါသည်..။
ရန်အောင်.

ကျနော်သိသမျှ ကျူးကျော်ဘင်္ဂလီ ( ရိုဟင်ဂျာ ) တို့ဘဝ



ကျနော့်ကို ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့ ၊ စေတီတောင်ကွင်းရပ်ကွက် တွင် ၁၉၈၇ အောက်တိုဘာ၁၄ ရက်တွင်မွေးဖွားခဲ့သည် ။ မိခင် နှင့် ဖခင်မှာ ရခိုင်လူမျိုးစစ်စစ်ဖြစ်သည်။ကျောက်ဖြူမြို့သည် ရခိုင်ပြည်နယ်ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ရမ်းဗြဲမြို့ နှင့် ကျောက်ဖြူမြို့တို့က ကျွန်း၏ တဖက်တချက်စီတွင် တည်ရှိသည် ။ ရမ်းဗြဲမြို့နှင့်ကျောက်ဖြူမြို့တို့၏ကြားတွင် စနဲ့ ၊ ဇင်ချောင်းစသော မြို့ငယ်သာသာ ရွာကြီးများရှိသည်။

 ကျနော်တို့ ကျောက်ဖြူသည် ရခိုင်ပြည်ရှိ မြို့များတွင် လူမျိုးရေးခွဲခြားမူ့အနည်းဆုံးမြို့တစ်မြို့ဖြစ်မည်ဟု စာရေးသူ ယူဆသည် ။ အဘယ်ကြောင့်ဆိုသော် ကျနော်သည် လေးတန်းကျောင်းသားအရွယ်မှ စ၍ ကုလားလူမျိုးများနှင့် ခင်မင်ပေါင်းသင်းခဲ့သည် အပြင် ကျနော့်ပါတ်ဝင်းကျင်မှ လူများသည်လည်း ကုလားလူမျိုးများအပေါ် လူမျိုးရေးခွဲခြားမူ့ကို မတွေ့ခဲ့ရ ။ ကုလားလူမျိုးဟု ခေါ်ရခြင်းမှာလည်း သူတို့အားနှိမ့်ချလိုသော စိတ်နှင့်မဟုတ် ၊ သူတို့၏ လူမျိုးအားခေါ်ခြင်းမျှသာဖြစ်သည် ဟု စာရေးသူလက်ခံထားသည် ။

 မွတ်ဆလင်ဟု ခေါ်ရအောင်ကလည်း ၊ မွတ်ဆလင်ဆိုသည်မှာ ဘာသာရေးနာမည်သာဖြစ်သည် ။ ဘင်္ဂလီလို့ခေါ်ရအောင်ကလည်း ဘင်္ဂလီစင်စစ် များမဟုတ် ၊ ရခိုင်ပြည်ထဲတွင်သူတို့နေထိုင်ခဲ့သည်မှာ နှစ်ဆယ်နှင့်ချီင်္ ၊ ရာနှစ်ချီကြာပြီထင်သည် ။ ထိုကြောင့် ကုလားဟု ရိုးရိုးသားသားခေါ်ခြင်းဖြစ်သည်။ သို့သော်ဝန်ခံစရာရှိသည်မှာကျနော့်မိတ်ဆွေ ကုလားများရှေ့တွင် သူတို့အားကုလားဟု မည်သည့်အခါတွင်မှ ကျနော်မခေါ်ဘူးခဲ့ ။

ရခိုင်ပြည်ရှိ ကုလားလူမျိုးများ၏ စိတ်ကို စာနာပါသည် ။ ကျနော်ငယ်စဉ်က ရန်ကုန်တွင်တလှည့် ၊ ရခိုင်တွင်တခါ ကျောင်းနေခဲ့ရသည့်အတွက်လူမျိုးရေးခွဲခြားမူ့များကိုလက်တွေ့ခံစားခဲ့ဖူးသည် ။ ရခိုင်ပြည်မှ ရန်ကုန်သို့ကျောင်းလာတက်သည့်အခါ စကားဝဲ၀ဲ နှင့် ကျနော့်ကို ရခိုင်ရခိုင် ကုလားထိုင် အထိုင်မတတ်ဂွေးစိညပ် ဟု ရန်ကုန်သားများ လနှင့် နှစ်နှင့်ချီ၍စနောက်ခဲကြသည် ။ရန်ုကုန်တွင် ကျောင်း၁နှစ် ၂နှစ်ခန့်တက်ပြီး ဗမာစကားကို ကောင်းမွန်ပီသစွာပြောနိုင်သောအခါ ၊ ကျနော့်အား အဘွားနှင့်အဒေါ်ရှိရာ ရခိုင်ပြည်သို့ပြန်ပို့ပြန်၏။

ရခိုင်ပြည်ရောက်သောအခါရခိုင်စကားရုတ်တရက်မပြောတတ်တော့ပဲ  ဗမာစကားပြောသော ကျနော့်ကို ဗမာဗမာ ဖင်ပြာပြာ ၊ဗမာသေလမ်းမှာ မြှပ်ဟု စကြပြောင်ကြပြန်သည် ။ကျနော်ငယ်စဉ်က ဤ ကဲ့သို ၀ဋ်ဒုက္ခကြီးကို နှစ်စဉ်ခံစားခဲ့ရဖူးသည် ။ ကလေးများ၏ စိတ်တွင် ဒဏ်ရာအနာတရဖြစ်ပါက ကြီးသည့်အထိ မပျောက်ပေ ။ ကျနော်ဆိုလျှင် လူမျိုးရေးခွဲခြားသူများကို အင်မတန်မုန်းသည် ။ ကြီးသည့်အထိ လူမျိုးရေးခွဲခြားသူများနှင့်အပေါင်းအသင်းမလုပ် ။ သို့သော် ရိုဟင်ဂျာကိစ္စမှာမူကား ဤကဲ့သို့ ယူဆ၍ မရ ။ ရိုဟင်ဂျာသည်ရခိုင်ပြည်တွင် နှစ်ရာနှင့်ချီ ရှိခဲ့ပြီးဖြစ်သော ကုလားလူမျိုးများနှင့်လားလားမျှ မပါတ်သက် ။ ရိုဟင်ဂျာသည် ဘင်္ဂလီမွတ်ဆလင်များ က ရခိုင်ပြည်ရှိ ဒေသခံကုလားများမျက်နှာဖုံးစွပ်လျှက်ရခိုင်ပြည်ထဲသို့ဝင်ရောက်လာခြင်းသာ ဖြစ်သည် ။ တနည်းအားဖြင့်ဆိုရလျှင် ရိုဟင်ဂျာသည် ဘင်္ဂလားဒေခ်ျ့တွင် လူဦးရေ ထူထပ်လာသောကြောင့် လူဦးရေဗုံးပေါက်ကွဲလာသောကြောင့်ရခိုင်ပြည်ကို ခေတ်သစ်နယ်ချဲ့နည်းဖြင့် ၀င်ရောက်လာကြသော ကျူးကျော်သူများသာ ဖြစ်တော့သည် ။

ရခိုင်ပြည်ရှိ ဒေသခံကုလားမွတ်ဆလင်များနှင့် ဘင်္ဂလီရိုဟင်ဂျာဆိုသူများ၏ ကွာခြားချက်ကိုပြောချင်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ကျနော်လေ့လာရသမျှ ဤကိစ္စအပိုင်းတွင်လေ့လာသူများရောထွေးနေသည်ဟု ကျနော်ထင်သည် ။ ရခိုင်ပြည်ရှိဒေသခံကုလားများဆိုသည်မှာ ရခိုင်ပြည်တွင် ရခိုင်ဘုရင်လက်ထက်တော်က မင်းမူ့ထမ်းကုလားများ ၊နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်တွင် ရခိုင်ပြည်တွင်လာရောက်အခြေချသော ကုလားများ ၊ ရခိုင်လယ်ပိုင်ရှင်များ၏ လယ်ယာများတွင်လာရောက်လယ်ကူလီလုပ်သော ကုလားများဖြစ်သည်။

ထိုကုလားလူမျိုးများသည် ရခိုင်များနှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားခဲ့ကြသည် ။ မိတ်ဆွေများဖြစ်ခဲ့ကြသည် ။ ရခိုင်စကားကို ပီပီသသပြောတတ်သည် ၊ ရခိုင်လေးများနှင့်ရေကူးသည်။ငါးဖမ်းကြသည် ၊ အရက်သောက်ကြသည် ၊ တကယ့်ရခိုင်သား တစ်ယောက်ကဲ့သို့ပင် ဖြစ်နေကြပြီ ဖြစ်သည် ။ ထိုသူများနှင့် ရခိုင်သားများနှင့် ပြသနာဖြစ်ခဲသည် ။ ပြသနာဖြစ်လျှင်တောင်သာမန်တဦးခြင်းတယောက်ခြင်း ရန်ဖြစ်ခြင်းမျှသာရှိသည် ။ လူမျိုးနှင့်လိုက်၍ အဖြစ်နည်းသည် ။

တနည်းအားဖြင့်ဆိုလျှင် သူတို့သည် မြန်မာနိုင်ငံသား မဟုတ်သော မြန်မာနိုင်ငံအတွင်းဘိုးဘွားစဉ်ဆက် နေထိုင်သူများဖြစ်သည် ။ ထိုသူများကို ကျနော်မည်သည့်အခါတွင်မှ မမုန်းတီးခဲ့ ။ သို့သော် ကျနော်ရခိုင်သားစင်စစ်က ရိုဟင်ဂျာဆိုသည့်စကားကို မကြားဖူး ။ အင်တာနက်ပေါ်ရောက်မှ ရိုဟင်ဂျာ ၊ ရိုဟင်ဂျာ ဟု ကြားရသည် ။ ရခိုင်ပြည်မှ ရခိုင်သားကျနော်က ရခိုင်ပြည်တွင် ရိုဟင်ဂျာဟူသော လူမျိုးတစ်မျိုးရှိသည်မှာ အင်တာနက်ရောက်မှ သိရသည်။
များစွာအံ့သြောဖွယ်ရာပါ တကား ။ မျက်လုံးပြူးသွားသည် ၊ လျှာထွက်သွားသည် ၊ တွတ်ပီစကားနှင့်ဆိုလျှင် ဒီနေ့ ငါတို့ရခိုင်လူမျိုးနဲ့မြန်မာပြည်သားတွေ ကံမကောင်းပါတကားဟု ရေရွတ်ရမည်ထင်သည် ။ ထိုအခါ ရိုဟင်ဂျာလူမျိုးတို့၏ စစ်မြစ်ကိုကျနော်ပြန်တွေးတောရတော့သည် ။ ကျနော်ဆယ်တန်းနှစ်က ဘူးသီးတောင် မြို့နှင့် မောင်တောမြို့တို့၏ လမ်းခရီးကြားတွင်ရှိသော အထက လက်ဝဲဒက် ဘူးသီးတောင်ဟုခေါ်သောအ ထက်တန်းကျောင်းတွင်တက်ရသည် ။ ကျောင်းရှေ့တွင် ထောက်လှမ်းရေးတပ်ဆွယ် ၁၈ ရှိသည် ။ မောင်တောမြို့သည် ရခိုင်ပြည်နယ်တွင် ရခိုင်များမနေနိုင်သော မြို့ဖြစ်သည် ။ 

          အဘယ်ကြောင့်ဆိုသော် မောင်တောမြို့ နှင့်ဘူးသီးတောင် တ၀ိုက်တွင် မြန်မာ့လွတ်လပ်ရေးခေတ်ဦးတုန်းက မူဂျာဟစ်ခေါ် ဘင်္ဂလီအနွယ်မူဆလင်များ အတော်သောင်းကျန်းခဲ့ဖူးသည် ။ အင်္ဂလိပ်များဆုတ်ခွာအပြီးတွင် လက်နက်ရှိသော ဘင်္ဂလီမွတ်ဆလင်သူပုန်များသည် မောင်တောမြို့နှင့်တ၀ိုက်ကို သိမ်းပိုက်ပြီး ရခိုင်ဗုဒဘာသာများအပေါ်တွင် လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြကြောင်း သမိုင်းရှိသည် ။ စေတီပုထိုး နှင့် ဘုရားများ ၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခဲ့ကြသည် ။
ရခိုင်မများကို မဒိန်းကျင့်ရခိုင်များကို သတ်ဖြတ်ခဲ့ကြသည် ။ ကလေးပင် မချန်ခဲ့ ။ ထို အခြင်းအရာကို မည်သူတွေလုပ်ခဲ့သနည်း ။ ရခိုင်စကား တလုံးမှမတတ်သော ၊ မြန်မာစကားတလုံးမှ နားမလည်သော ယခုရိုဟင်ဂျာခေါ် ဘင်္ဂလီမွတ်ဆလင် မူဂျာဟစ်များပင် ဖြစ်လေတော့သတည်း ။ အသေးစိတ်သိလိုလျှင် မြန်မာ့လွတ်လပ်ရေးခေတ်ဦး ရခိုင်ပြည်နယ်သမိုင်းကို ဖတ်ပါ ။ ထိုမူဂျာဟစ်များကို မြန်မာစစ်တပ်မှ အချိန်အတော်ကြာနှိမ်နှင်းခဲ့ရသည် ။ သို့သော် မောင်တောမြို့ကား အကျူးကျော်ခံလိုက်ရပြီ ။ ရခိုင်သားများ အင်အားခြင်းမမျှ၍ နောက်ဆုတ်ပေးလိုက်ရပြီ ။ မိတ်ဆွေမယုံလျှင် မောင်တောမြို့ကို သွားကြည့်ပါ။ 

ကုလားအယောက်တရာမြင်ရ၍ ရခိုင်တစ်ယောက်ကို မြင်ရလျှင် ကံကောင်းသည်ဟု ဆိုပြီး ထီထိုးလိုက်ပါ ။ မောင်တော မြို့တွင် .ယခုအခါနေရာအနှံ့ မုတ်ဆိတ်နှင့် အကျီအဖြူဝတ် ဘင်္ဂလီများကိုသာတွေ့ရတော့သည် ။ ထိုသူများထဲမှ အများစုသည် ကျနော်ထိုမြို့မှာရှိစဉ်က ရခိုင်လိုပင်မတတ် ၊ မြန်မာစကားကိုနားမလည် ။ထိုသူများကို ကျနော်တို့ ရခိုင်ပြည်ရှိ ဒေသခံလူမျိုးတမျိုးဟု မည်ကဲ့သို့ လက်ခံပေးရမည်နည်း ။

( နှစ်ရာချီ ခန့် ရခိုင်ပြည်တွင် ရှိနေပြီးဖြစ်သော ကုလားလူမျိုးများကို နေထိုင်ခွင့် ပေးခြင်းကို မကန့်ကွက်လိုပါ ။ သူတို့မှာ ရခိုင်ပြည်မှ မောင်းထုတ်သော်လည်း သွားစရာနိုင်ငံမရှိဘင်္ဂလားဒေခ်ျ့မှလည်းလက်မခံ ။ ရခိုင်ပြည်သည်ပင် သူတို့ အိမ်ဖြစ်နေပေပြီ ။ ထားပါ ။ ရိုဟင်ဂျာ နာမည်ခံ ဘင်္ဂလီမွတ်ဆလင်များကို ကား လက်မခံနိုင်ပေ ။


အကယ်၍ကျနော်တို့အိမ်ဘေးမှမိသားစုက ငါတို့နဲ့နင်တို့နဲ့ ဘေးချင်းကပ်နေလာခဲ့တာ နှစ်နဲ့ချီပြီ ။ အခု ငါတို့အိမ်မှာလူများလွန်းတယ် ၊ နင်တို့အိမ်မှာ ငါတို့ ကလေးတစ်ယောက်နှစ်ယောက်လောက်ပေးနေလိုက် ဟုဆိုလျှင်မိတ်ဆွေလက်ခံနိုင်မည်လော ။ ရိုဟင်ဂျာကိုပဲ သနားဂရုဏာမိုးမစွေနေကြပါနှင့် သူတော်ကောင်းမီဒီယာများတို့ ၊ ကျနော်မျိုးကြီးတို့ရခိုင်လူမျိုးများ နှင့် အဘက်ဘက်မှ အကျူးကျော်ခံနေရသော မြန်မာပြည်သူပြည်သားများကိုလည်း နားလည်ပေးကြပါဦး လို့ ပြောရင်း . . . .. . ။

မာဃလုလင်

Thursday, 3 May 2012

ဗုဒ္ဓဘာသာတို့အတွက် ကဆုံလပြည့်ဗုဒ္ဓနေ့


         
  ၁။ မဟာသက္ကရာဇ် တွက်စစ်သောခါ
ကိုးဆယ့်ခုနှစ်ခု ရတုချိန်ခါ
သားနဲ့သမီး စွန့်ပြီးလို့သာ
လောင်းတော်မြတ် တောရပ်ထွက်ခဲ့ရှာ။

၂။ နော်မာကမ်းစပ် လောင်းမြတ်ရောက်လာ
သဟမ္ပတိ မည်ရှိဗြဟ္မာ
ရွှေကြာသင်္ကန်း လှူဒါန်းခဲ့ရာ
ရဟန်းမြတ် ပြုလတ်ဤနေရာ။

၃။ ဥရုဝေလ တောဝမြိုင်ခွင်
ဒုက္ကရစရိ ကျင့်ဘိအစဉ်
ခြောက်နှစ်ပတ်လုံး ကုန်ဆုံးချိန်တွင်
လောင်းသိဒ္ဓတ် ဇိနမည်ခေါ်တွင်။

၎။မဟာသက္ကရာဇ် တွက်စစ်လေလျှင်
တစ်ရာသုံးခု ခေါ်ပြုမည်တွင်
ကဆုန်လပြည့် ဤနေ့မှာပင်
လောင်းတော်ကား ဘုရားဖြစ်ဖို့ပင်။

၅။ ကဆုန်လပြည့် ချမ်းမြေ့သာယာ
ဝေလီဝေလင်း နံနက်ခင်းမှာ
အနော်မာကမ်း အလှမ်းနီစွာ
ဃနာဆွမ်း လှူဒါန်းသုဇာတာ။

၆။ ဃနာနို့ဆွမ်း လှူဒါန်းသောခါ
သုဇာတာက အားရ၀မ်းသာ
သိန်းတန်ရွှေခွက် ထည့်လျှက်စုံစွာ
စိတ်ရွင်လန်း လှူဒါန်းခဲ့လေရှာ။

၇။ ဃနာဆွမ်းမြတ် ဆက်ကပ်ပြီးခါ
အနော်မာကမ်း ကြွလှမ်း၍လာ
ဃနာရွှေခွက် ကျောက်ထက်တင်ကာ
ရေသုံးသပ် လောင်းမြတ်တို့ဆရာ။

၈။ ရေတော်သုံးသတ် လောင်းမြတ်သခင်
ရေသုံးသတ်ပြီး ကမ်းနီးရိပ်တွင်
လေးဆယ့်ကိုးလုပ် မယုတ်ကုန်စင်
ဆွမ်းတော်သုံး မြတ်ဘုန်းတို့အရှင်။

၉။ နော်မှာကမ်းမှ မြန်းကြွလို့ဝင်
ရွှေခွင့်ကိုမျှော ရေကြောထဲတွင်
ရေညာဆန်တက် ဓိဌာန်ချက်ဝင်
ငါသည်ကား ဘုရားဖြစ်ဖို့ပင်။

၁၀။ တောရဂုံနန်း မြိုင်တန်းမှာလေ
စိန်ပန်းပီတောက် လျှမ်းတောက်ဝေေ၀
စံပယ်ကြက်ရုံး ဂမုန်းမိုးစွေ
မွှေးရနံ့ သင့်ပျံ့ကြိုင်လို့နေ။

၁၁။ လောင်တော်သိဒ္ဓတ် မြိုင်ရပ်ကိုဝင်
ဗောဓိအောင်နန်း မျှော်မှန်းလျှက်ပင်
မြောက်ဘက်စူးစူး မြိုင်ဦးလမ်းတွင်
ခြေစုံလှမ်း ကြွမြန်းတို့အရှင်။

၁၂။ မြိုင်ဦးကျော်စ လမ်းမမှာပင်
မြတ်ထမ်းသမား တွေ့ငြားမောင်စဉ်
မြက်ရှစ်ဆုတ်ပြည့် ထုတ်၍သာပင်       
လောင်းဘုရား လှူငြားကြည်ကြည်ရွှင်။

၁၃။ ဗောဓိနန်းရိပ် ချဉ်းကပ်၍သာ
မြက်တော်ရှစ်ဆုပ် ဖြန့်ထုပ်ကြဲကာ
လျှမ်းလျှမ်းရွင်တောက် အံ့လောက်စရာ
ပလ္လင်စစ် ပေါ်ထွက်လာခဲ့ပါ။

၁၄။ ပလ္လင်ပေါ်ပေါက် အံ့လောက်စရာ
မာန်နတ်ယုတ်တို့ တိုက်ဖို့ရောက်လာ
စစ်သည်အပေါင်း သောင်းသောင်းဝေဖြာ
လောင်သိဒ္ဓတ် တိုက်ခိုက်ကြလေပါ။

၁၅။ ရှေ့ရှေ့ဘ၀ ဒါန သီလာ
ပြုခဲ့သမျှ မှန်းဆ၍သာ
ပါရမီထူး ဆည်းဖူးခဲ့ရာ
ဝသုန်ရပ် တုန်လတ်သွက်သွက်ခါ။

၁၆။ မိုးရေလေတော မြိုင်ကြောတစ်ခွင်
သောသောညံတုန်း ထက်ချုန်လို့ပင်
ရေပြင်တွေလွှမ်း စခန်းမြေပြင်
မာန်အောင်ပွဲ ဆင်နွဲတို့အရှင်။

၁၇။ မာန်နတ်အောင်ပွဲ ဆင်နွဲလေပြီ
နတ်ဗြဟ္မာနော သောသောဝေစီ
စက္က၀ါပေါင်း ရိုက်ညောင်းတုန်ဟီ
ဂုဏ်ပြုပွဲ ဆင်နွဲပူဇော်သည်။

၁၈။ ကဆုန်လပြည့် ဤနေ့မှာပင်
သုမေဓာဘ၀ ဖြစ်ရဟိုစဉ်
ဒီပင်္ကရာဘုရား ထံပါးတော်တွင်
ဗျာဒိတ်ပန်း ဆင်မြန်းတို့အရှင်။

၁၉။ ကဆုန်လပြည့် ဤနေ့မှာပင်
လုမိနီသာမော အင်ကြင်းတောတွင်
လောကကောင်းကျိုး ပွားတိုးဘို့မြင်
လောင်သိဒတ် ဖွားလတ်တို့အရှင်။

၂၀။ ကဆုန်လပြည့် ဤနေ့မှာနှော်
တဏှာတော်ကြီး ဖျက်စီးခဲ့နှော်
ဥာဏ်ရောင်တော်ဝင် ထင်လင်းထိန်းပေါ်
သစ္စာပန်း ဆင်မြန်း တို့ဘုန်းမော်။

၂၁။ ကဆုန်လပြည့် ဤနေ့မှာပင်
လောကအားလုံး မှောင်ဖုံးသည်တွင်
ရှင်တော်မြတ်ဘုန်း နောက်ဆုံးမှာပင်
နိဗာန်နန်း စံမြန်းတို့အရှင်။

၂၂။ ကဆုန်လပြည့် ဤနေ့မှာပင်
မာန်နတ်အောင်ပွဲ ဆင်နွဲးပြီးလျှင်
ပလ္လင်တော်မြတ် ဗောဓိရပ်ခွင်
အောင်ပွဲနှင်း ခင်းကျင်းတို့အရှင်။

၂၃။ ကဆုန်လပြည့် ဤနေ့ကိုနှော်
ဗုဒနေ့မြတ် သတ်မှတ်ပူဇော်
အများကောင်းမှုး တောင်းဆုကော်ရော်
ဘေးရန်ပေါင်း အောင်ကြောင်းပြည့်စေနော်။

၂၄။ အောင်ပွဲအောင်မှု အောင်ဆုအောင်ရာ
အောင်ပြီးအောင်ဆဲ အောင်မြဲမင်္ဂလာ
အောင်မြင်နည်းလမ်း အောင်နန်းခေမာ
အောင်ရေလောင်း အောင်ကြောင်းတို့မြတ်စွာ။

၂၅။ အောင်ပွဲတွေပေါင်း အောင်ကြောင်းဝေေ၀
အောင်တော်မူမြဲ အောင်ပွဲစိန္တေ
အောင်ရာအောင်ခန်း အောင်ပန်းထွေထွေ
အောင်မြင်လတ် အောင်မှတ်ကျေးဇူးတွေ။ 

                                              မြန်မာနှင့်ဆိုင်သော ၀က်ဆိုက် နက်ဆိုက် ဘလော့တွေကို လက်လှမ်းမှီသလောက် ကျွုန်ပ်ကြည့်ဖြစ်ပါသည်။ ချစ်သူများနေ့၊ ခရစ်စမတ်နေ့တွေ့မှာ ကဗျာဖိတ်ခေါ်ပြိုင်ပွဲ၊ စာမူဖိတ်ခေါ်ပြိုင်တွေအတွက် စာမူခေါ်နေကြသည်။ ဒါတွေကလည်း စာမရေးဝံသူများကို လာရေးဝံလာအောင် ကလောင်းသွေးပေးခြင်းတမျိုးဖြစ်သောကြောင်း ၀မ်းသာကြည်နုစရာပါ။

    ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော နေ့ထူးနေ့မြတ် မြန်မာတွေနှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ်တွေမှာတော့ မည်သည့်ဆိုက်တွေကမှ စာမူဖိတ်ခေါ်ခြင်း ကဗျားပိတ်ခေါ်ခြင်းမရှိပေ။ ကဆုန်လပြည့်နေ့သည် ထေရ၀ါဒ မဟာယန စသော ဗုဒ္ဓဘာသာတို့အတွက် အမြင့်မြတ်ဆုံးနေ့ထူး နေ့မြတ်မှာ စာဖတ်သူများအနေဖြင့် အထက်ဖေါ်ပြပါ ကဗျာစာသားလေးကို ဘုရားကိုသွားဖြစ်ရင် စာသားကိုကြည့်ရှူးပြီဖတ်ပေးပါ။ ဘုရားကိုမသွားဖြစ်သည်ရှိသော် မိမိအိမ်တွင် ကိုယ်းကွယ်ထားသည် ဘုရားရှင်ရှေ့မှာ ရွတ်ဖတ်ပူဇော်ပေးစေချင်သည်။

                                              မှတ်ချက်....။ ဒီကဗျာစာသားကို ကျွန်ုပ်ကိုယ်တိုင်း ရေးသားသည် မဟုတ်ပါ မည်သူမည်ဝါရေးသားခဲ့သည်ကိုလည်း ကျွန်ုပ်မသိပါ ကျွန်ုပ်ငယ်ငယ်တုံးက ရွာဦးကျောင်းဆရာတော် သင်ပေးခဲ့ပြီး ကဆုန်လပြည့် ဗောဓိပင်ရှေ့မှာ ရွတ်ဖတ်ခဲ့ရသည်ကိုသာ ကျွန်ုပ်သိပါသည်။

                                                                 အရှင်ဝိသုဒ္ဒ (မာန်အောင်)
                                                                    နာလန္ဒာတက္ကသိုလ်
                                                                            အိန္ဒိယ

Saturday, 18 February 2012

အမေသားကိုတကယ်ချစ်ခဲ့လား


                             အမေသားကိုတကယ်ချစ်ခဲ့လားအမေ အမေသာသားကိုတကယ်ချစ်ခဲ့ရင် အမေမျက်နှာကိုတောင် မမြင်ဖူးတဲ့သားကို အမေစွန့်ပစ်မှာမဟုတ်ပါဘူးနော် အမေသားကိုမချစ်လို့ပဲစွန့်ပစ်ခဲ့တာမဟုတ်လား အမေ။ ဘာပဲဖြစ်ဖြစ်အမေရယ်….။ အမေ့မှာလည်း အမေ့အခက်ခဲတွေရှိမှာပေါ့ စာဝတ်နေရေး၊ အိမ်ထောင်ရေးကအစပေါ့ ၊ နောင်တချိန် အမေ ကလေးမွေးခဲ့ရင် သားကိုစွန့်ပစ်သလိုတော့ မစွန့်ပစ်နဲ့တော့နော်။ သားခွင့်လွတ်နားလည်ပေးသလို နောင်သားသမီးတွေက အမေကို ခွင့်လွတ်ပေးမှာ မဟုတ်ဘူး။ သားကတော့ အမေ့မှာ အခက်အခဲရှိလို့ သားကိုစွန့်ပစ်ခဲ့တယ်လို့ အမေ့ကို ကျေကျေနပ်ခွင့်လွတ်ပေမယ့် သားနဲ့အတူစွန့်ပစ်ခံရတဲ့ သားရဲ့သူငယ်ချင်းတယောက်က သူရဲ့ မိခင် သူကိုထားခဲ့အကြောင်းကို သား သူငယ်ချင်း ဒဏ္ဍာရီစာအုပ်ထဲမှာရေးထားတဲ့အတိုင်း ပြန်လေရေးသားလိုက်ပါတယ် အမေအားရင်ဖတ်ကြည့်နော်…….။

သားအမေ့ဝမ်းထဲမှာနေစဉ် အမေတရားနာသွားတုံးက ဆရာတော်တပါးဟောတဲ့ “အမေ့ကျေးဇူးမကျေ ငါမသေ” ဆိုတဲ့တရားကို အမေ့ဝမ်းထဲကနေနာရတော့ ငါလည်း တနေ့လူလောကရောက်လာရင် အမေကို ကျေးဇူးဆပ်မယ်လို့အကြိမ်ကြိမ်စဉ်းစားခဲ့တယ်အမေရယ်။ ဒါပေမယ့် လောကဓံကတိုက်ခိုက်လိုက်တဲ့ လေပြေလေညင်းတွေကြောင့် အမေပို့ပေးခဲ့လို့ သားလောကကြီးကိုရောက်ခဲ့တယ်အမေ၊ ဒါပေမယ့် သားက အမေ့မျက်နှာကိုမမြင်ခဲ့လိုက်ရပါဘူး နုညံသိမ်မွေးပြီး အရိုးတောင်မရှိသေးတဲ့ သားကို အမေ အမှိုက်ပုံမှာထားရစ်ခဲ့တယ်နော်။

                    အမေမြို့ထဲကိုသွားတဲ့အချိန်ထင်ပါတယ် အလှူတခုက အသံချဲစက်ဖွင့်တဲ့ အသံကို သားကြားမိတယ်အမေ၊ “အမေ့ရှိခိုးမအိပ့်တဲ့သူ ခွေအိပ်ခြင်းနှင့်တူ ခွေးလိုလူမဖြစ်ချင်က အမေ့ရှိခိုးကြ” အဲ့ဒီချိန်ကလည်း သားတကယ်လို့ လူ့လောကထဲ ရောက်လာခဲ့ရင် အမေကို အိပ်ရာဝင်တိုင်း ဦးသုံးကြိမ်ချပြီးမှ သားအိပ်မယ်လို့စဉ်းစားခဲ့တယ်အမေ။ ဒါပေမယ့်အမေရယ် အခုလေ သားခန္ဓာက ကုတ်လို့ကွေ့လို့မရသလို ထိုင်လို့လည်းမရဘူးအမေရယ်။ သားအဖြစ်ကိုအမေတွေ့ရင် အမေရင်နာလိမ့်မယ်အမေရယ်။ အမေဒီလိုထားခဲ့ပြီး နောက်ပြန်မလှည့်ပဲပြန်သွားခဲ့တာကိုက အမေကံကောင်းတာ အမေထားခဲ့တုံးက သားလေ အမေ့ကို အမေ….အမေ….လို့လှမ်ခေါ်လိုက်ချင်ပေမယ့် သားပါးစပ်ဟလို့မရလို့သာ မခေါ်လိုက်တာပါအမေရယ်။
          တနေ့ အမေရွာဦးကျောင်းကို ဆွမ်းသွားပို့တဲ့အချိန်ထင်ပါတယ် သားလည်း အမေ့ဝမ်းထဲမှာဆိုတော့ သိပ်မမှတ်မိတော့ဘူး ကိုရင်လေးတပါးက တခြားကိုရင်တပါးကိုပြောတာကြားလိုက်တယ်။ ကိုရင် ‘သားသမီးတွေမြင်ရင် ငြိုညင်မှာစိုး၍ ခံစားချက်အားလုံးသိမ်းကျုံး လူကွယ်ရာအမှောင်ရိပ် အသံတိတ်နဲ့ မချိအောင် ငိုတတ်တာလည်း အမေပါ” ဆိုတာမှန်လားကိုရင် ဆိုတဲ့ ကိုရင်နှစ်ပါး အမေး အဖြေလုပ်နေတဲ့ အသံကိုသားကြားဖူးတယ်အမေ။
တခါတလေ ညနေတိုင်း အမေငိုသံခပ်သဲသဲလေးကို သားမကြာခဏကြားနေရတယ် အဒီဲတုန်းက သားအထင်ကတော့လေ အမေကိုသားသမီးတွေက နှိပ်စက်လို့ အမေက လူကွယ်ရာအမှောင်ရိပ်မှာ အသံတိတ်နဲ့ ငိုနေတယ်လို့သားထင်ခဲ့တယ်အမေ။ သားကိုမွေးဖွားပြီးပြီးချင်း အမေ သားကို အမှိုက်ပုံမှာ ထားတဲ့နေ့က သားတခုသိလိုက်ရတာက သားသမီးတွေ နှိပ်စက်လို့မဟုတ်ဘူး အမေ့ကို သားရဲ့ အဖေက လက်မထပ်နိုင်ဘူးဆိုတဲ့စကားကို အဖေက မကြာမကြာပြောလို့ အမေငိုခဲ့တယ်ဆိုတာ သားသိလိုက်ရပါတယ်အမေရယ်။ ဘာပဲဖြစ်ဖြစ် ကိုးလလွယ် ချဉ်ငံစပ်ခါးရှောင်ပြီး မွေးပေးခဲ့တဲ့ အမေ့ကို သားတမလွန်ဘ၀နေကျေးဇူးတင်နေပါတယ်အမေရယ်။

          အမေရယ် တကယ်ဆိုရင်လေ အမေ အဖေတို့ရဲ့ အာသာဖြေ သာယာမှုကြောင်း သားလို ဒုက္ခရောက်ခဲ့သူတွေကလည်း ဒူးနဲ့ဒေး ရှိမယ်ထင်တယ်အမေရယ် နောက်ဆို အမေ အဲလိုမလုပ်နဲ့တော့နော်…..။ သားရင်နာတယ်အမေရယ်။ အမေ့ကိုမမြင်ဖူးခဲ့ရသလို သား အဖေ ဘယ်သူဆိုတာကိုလည်းသားမသိခဲ့ရဘူး၊ အမေ သားနေရာကနေ ခံစားပေးပါလား အမေ ဘယ်လိုနေမှာလဲ ဆိုတာသားသိချင်တယ်။ အပြစ်မသိသေးတဲ့ ကလေးဘ၀ကိုတခါပြန်ပြီးရောက်ချင်သေးတယ် လို့တမ်းတတဲ့သူတွေရှိသလို့ အပြစ်မသိသေးတဲ့ ကလေးတွေကိုလည်း နောက်ထပ် ဒီလိုမရက်စက်ပါနဲ့ အမေရယ်….။ သားလေ အမေ အဖေ လောင်းလျာတွေကို တမလွန်ကနေ မေတ္တာရပ်ခံနေတာပါ။

          အမေတချို့တွေကပြောကြတယ် “ ကမ္ဘာမြေကိုလောင်ကျွမ်း သမုဒ္ဒရာရေကို ခမ်းခြောက်စေနိုင်တဲ့ နေမင်းကြီးဟာ သားသမီးတွေအပေါ်မှာထားတဲ့ အမေရဲ့မေတ္တာနဲ့ အမေ့ရဲ့ ကမ္ဘာကိုတော့ မလောင်ကျွမ်း မခမ်းခြောက်စေနိုင်ပါဘူး”တဲ့ သားအတွက်ကတော၊့ အမေ သားအပေါ်မှာရက်စက်ခဲ့လို့ ဒီစကား ခါးသွားသလိုခံစားရတယ်အမေ။ “အာကာကိုလွှာပုံပြု မေယုကိုတဲ့ စုတ်တံချဉ် သမုဒ္ဒရာရေတွေကို မှင်ရည်ဖျော် ချစ်တာတွေစာစီရေးလည်း ဆုံးမည်မထင်” ဆိုတဲ့ မိခင်တိုင်း မိခင်တိုင်းရဲ့ လက်သုံးစကားတွေကလည်း သားအတွက် နားဝင်မချိုသလိုခံစားနေရပါတယ်အမေရယ်။ ကမ္ဘာလောကကြီး သားယာသလား လှပသလား အေးချမ်းသလား လို့တောင် မသိလိုက်ရတဲ့ သားကိုအမေရက်စက်လှချည်လား အမေရယ် ဘာပဲဖြစ်ဖြစ်သားလေအမေ့ကိုကျေးဇူးအထူးတင်ပါတယ်အမေ။

         တမလွန်ဘ၀က စွန့်ပစ်ခံသားများ



         
         

Wednesday, 25 January 2012

ကံကြမ္မာရဲ့သတိုးသမီး

         မိုးသည်းထန်နေတဲထိုတစ်ည၊အငြိုးကြီးစွာ ပစ်ချနေတဲ့ မိုးကြိုးပစ်သံတွေကြားမှာ
ငိုရှိုက်သံ သဲ့သဲ့လေးကြားလိုက်ရတယ်….။  စူးစမ်းရှင်တဲ့ စိတ်ကြောင်း အဲဒီအနားကို
အပြေးကပ်သွားတဲ့အခါ မိန်းမပျော်လေးတစ်ယောက် ဘ၀ပြေးလမ်းမှာ ခြေခေါက်လဲလို့
HIV စွဲကပ်နေပြီတဲ့………….။

သူအဖေက စစ်မြေမြင်အသွားမှာ ထိမှန်တဲ့ ဗုံးတစ်လုံးကြောင့် ဒုက္ခိတ ဘ၀ရောက်
တိုင်းပြည်တာဝန်ခံယူထားလို့ မြင့်မြတ်ပါတယ်လို့ခံယူထားတဲ့  အဖေ....။ဆေးပငစင်စားသမားများ အိမ်ခန်းမှာ မထားနိုင်ဆိုတဲ့ စာရွက်လေးကိုကိုင်ကာ အခုတော့…..ကြိုက်မနိုင်ခံမရ ဒေါသပုန်းထနေပြီ..။ 
                                                                        
  နှစ်(၂၀) တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတစ်ယောက်ရဲ့အကျိုးအမြတ်က ဒုက္ခိတ ဘ၀နှင့်အဆုံးသတ် ဘယ်နေရာကို ဆွဲကပ်ရမလဲဆိုတာကို စဉ်းစား လက်ထဲက ရွေတမူးသားနဲ့သူရဲကောင်းတံဆိပ်တုံးကို ငေးမောကြည့်ရင်း သူမျက်ဝန်းမှာမျက်ရည်စတွေစီးကျလာနေပြီ…မိတ်ဆွေတစ်ယောက်ရဲ့
အကူအညီကြောင်း ရန်ကုန်ကိုရောက် လှိုင်သာယာ လယ်ကွင်းထဲမှာအိမ်ဆောက် မဖြစ်စလောက်တဲ့ ငွေကြေးလေးနဲ့ ထနိမိုး ထရံကာ ကြမ်းခင်းလေးတောင် မလောက်ငခဲ့ဘူး။

လေတိုက်ရင် ယိုင်နဲ့နေတဲ့ ထိုတေးလေးမှာ မိသားစုဘ၀ ပြန်လည်တည်ဆောက်ခဲ့ကြတယ်။
 သေနတ်ကိုင်တာကလွဲပြီး တစ်ခြားအရာဆို ဘာမှမသိတဲ့ စစ်သားကြီး ဒုက္ခိတ အဖေ…….
အရပ်တကာကို လှည့်ကာ အ၀တ်လျှော်ခဲ့တဲ့ အမေ  သူတို့နှစ်ဦးပေါင်းလို့ ပေါက်ဖွားလာတာ သားသမီး ခြောက်ယောက် ထမင်းဆိုတာ နပ်မမှန်လို့ဆန်ပြုတ်သောက်လာခဲ့တဲ့ ရက်တွေကများလာခဲ့ပြီ… အကြီးဆုံးဖြစ်တဲ့ ကျမ တက္ကသိုလ်ကဘွဲ့ရလို့ အလုပ်လုပ်ဖို့ကြိုးစားနေတဲ့အချိန်
စားဝတ်နေရေး အဆင်ပြေစေဖို့ မလယ်မ၀ယ်နဲ့ အမေ ဈေးသည်လုပ်ခဲ့တယ်…။

မညီမျှတဲ့ ၀င်ငွေကြောင့် မောင်နှတွေ စာသင်ကျောင်းကို ကျော့ခိုင်းစွန့်ခွါ  မောင်လေးက ဒုတ်တစ်ချောင်းနဲ့အမှိုင်းပုံးများစွာကိုထိုဆွ သူလိုချင်တဲ့ အရာကို ရှာဖွေတတ်ခဲ့တယ်။  အငယ်နှစ်ကောင်က ပန်းကောက် ထမင်းနပ်မှန်ဖို့ အားလုံးကြိုးစားကာ ထောက်ပံ့ပေးခဲ့ကြတယ်။
အလာကားမနေလိုတဲ့ ဆန္ဒနဲ့ ရန်ကုန်မြို့အနှံ့လျှောက်သွားပြီး အလုပ်တခုရဖို့အရေးကို ကြိုးစားခဲ့ပါသေးတယ်…………ဒါပေမယ်….ဘာအမြီးမှမပါတဲ့ ကျမအတွက် အလုပ်တခုရဖို့ သိပ်ကိုခက်ခဲ့ပါတယ်။   ကားမစီးနိုင်လို့ လမ်းလျှောက်ခဲ့ရတာ ခိုင်ပါတယ်ဆိုတဲ့ ကားတာယာဖိနပ် အခုတော့ ပါးလှပ်လှပ်လေးဘဲ ကျန်တော့တယ် ။

ငွေပိုမပါလို့ ရေငတ်တာတောင် ၀ယ်မသောက်နိုင်တဲ့ဘ၀ ရေအိုးစဉ်တွေ့တိုင်း သာဓုခေါ်မိတာအမှန်ပါဘဲ။ ဆိုးဝါးတဲ့ ကံကြမ္မာမုန်တိုင်းက နှိပ်စက်တာအားမရလို့ အခုအဖေဆေးရုံကိုရောက်နေခဲ့ပြီ။ ငွေမပါရင် မကြည့်ဖြူတဲ့ အသိုင်းအ၀ိုင်းတခုက ကျွန်မတို့ကို ငြူစူစွာ ဆက်ဆံခဲ့တယ်။ စိတ်ညစ်လို့လမ်းထွက်လျှောက်ရင်း အဖေ့အတွက် စဉ်းစားကာမျက်ရည်ကျခဲ့ကြတာ အခါခါပါဘဲ။
ဒီလိုနဲ့လူတယောက်က ကျမနောက်ကိုလိုက်လာရင်း သူပြောလိုက်တဲ့စကားကြောင်း တကိုယ်လုံး ထူပူသွားပေမယ့် သေရှာစဉ်းစားဖို့ခွန်အားမရှိခဲ့ဘူး သူပေးတဲ့ငွေကြောင့် အဖေ့ရောဂါ မပျောက်ခဲ့ရင်တောင်…. ခက်ခဲနေတဲ့ လက်ငင်းပြဿနာကို ဖြေရှင်နိုင်တာ အမှန်ဖြစ်လို့ ကျမငြင်းဆန်နှိုင်ခြင်း မရှိခဲ့ပါဘူး။

ကောကဓံရဲ့ ရိုက်ပုတ်ချက်ကြောင့် ကျမဘ၀ လမ်းဘေးမှာ အပျိုရည်ပျက်ခဲ့ရတယ်။ အဲဒီကရတဲ့ ငွေလေးနဲ့ အဖေ့အတွက် ဆေးပြေးဝယ် တာဝန်ကျ ဆရာဝန်ကို မျက်နှာချိုသွေးလို့ ဆေးကုပေးဖို့ တောင်းပန်ခဲ့ရတယ်။ ကံဇာတ်ဆရာရယ် ကစားတာရပ်ပါတော့လို့ အခါခါတောင်းပန်ခဲ့ပေမယ့် ဒုက္ခိအဖေကို ရောဂါပေါင်းစုံကနှိပ်စက်လို့ ကျမရဲ့ဘ၀ ထပ်မံနစ်မွန်းခဲ့ရတယ်…။ ပညာရှင်ဖြစ်စေလိုတဲ့ အဖေဆန္ဒ ပြည့်မြောက်လို့ ချီးမွန်းမြှောက်တဲ့ ဘွဲ့တံဆပ် စာရွက်လေးကို ရင်ခွင်ပိတ်ထားကာ ကြည်နုနေတဲ့ ကျမအဖေ…….ကို သူ့သမီးမိုက် ကလပ်ကိုရောက်တာမသိပါစေနဲ့…။ ချမ်းသာသူတို့စည်းစိမ်ခံဖို့အရေး ကျမဘ၀လေးကို ပေးဆပ်နေတာကို ရသတဏှာကြောင့် သူတို့မှာ ချိုမြနေပေမယ့် ငွေကြေးအတွက် ဝေဒနာကို ပြေးဖက်နေရတဲ့ ကျမတို့ဘ၀ကို တချက်လောက်တော့ ကိုယ်ချင်းစာကြည့်စေချင်တယ်..။

ဒီလိုနဲ့ ကျမ အသွေးအသားဈေးသည်ဘ၀ကို ခြေချကာလို့ ကျင်လည်ရာက ကုမရတဲ့ ဝေဒနာ စွဲကပ်လာခဲ့ရတယ်။ အားလုံးကို အနှစ်ချုပ်လို့ ပြန်စဉ်းစားတိုင်း အသုံးမကျတဲ့ အုပ်ချုပ်မှု ပုံစံစနစ်ကြောင့် ကျမတို့ မျိုးဆက်သစ်တွေ ရေတိမ်နစ်ခဲ့ရပြီလေ…..။ အချိန်တန်လို့ လူသားဘ၀ သေကြရမှာ အမှန်ဖြစ်ပေမယ့် ဒီလိုဘ၀ကြီးနဲ့ အဆုံးသတ်ရတာ ဘယ်သူမှာ အပြစ်ရှိလည်း သေရှာစွာ စဉ်းစားပေးလို့ နောက်ဆုံးဆန္ဒ အနေနဲ့တင်ပြပေးပါ အစ်ကိုရယ်…..တဲ့….။

မင်းပြောသမျှကို စာပန်းချီချယ် မင်းခံစာချက် အစစ်ကို ထုတ်ပြလို့ ရင်နာစရာ ကဗျာတပုဒ်အဖြစ် ငါတင်ပြရင်း.. အို…….မိန်းကလေးရယ်…….နောင်တချိန်လူသားဘ၀ မင်းပြန်ရခဲ့ရင်…. အခုလို အဖြစ်အပျက် အကြုံတွေ့ပါရစေနဲ့လို့ ၀မ်းနည်းဂရုဏာကြောင့် မျက်ရည်တွေစိုရွဲစွာနဲ့ဆုတောင်းပေးလိုက်ပါတယ်။

 အမည်မသိစာရေးဆရာတဦးရဲ့စာကို ကြိုက်နှစ်သက်လို့တင်ထားသည်။

Friday, 6 January 2012

နိုင်ငံခြားလာတဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲညီမငယ်?

                         သာဝတ္ထိပြည်ရဲ့ အလှတကာ့ထွဋ့်တင် အလှမယ်လေး အားလုံးက နှစ်ခါပြန်ကြည့်ရအောင် ခန္ဓာကိုယ် သေသန့်မှု ပေါင်ဒါမသုံးပဲ လှပတဲ့မျက်ဝန်းပိုင်ရှင် ရွေဝါရောင် အသားအရေ နက်ရှိုင်းရှည်လျားသော ဆံကေသာပိုင်ရှင်၊ သူမရဲ့ နောက်ကြောင်းကိုမသိတဲ့သူတွေကတော့ အထင်ကြီးလေးစားကြသည် နောက်ကြောင်းသမိုင်းအစကိုသိသူတွေအတွက်ကတော့ တွံတွေးခွက်ထဲက သလစ်ခဲပါတဲ့ သူမကို တစ်ချို့က နှင်းဆီခိုင် လို့ပြောရအောင် လှပတဲ့ ခန္ဓာပိုင်ရှင်မလေး၊ တချို့က မိုးဆွေပန်းတဲ့ အဆင့်သာရှိပြီး အနှံမရှိတဲ့ မိုးဆွေးပန်းလို့တင်စားခေါ်ဆောင်ကြသည်။

          ဘယ်သူက ဘာတွေပြောပြော သူ့ကို ဘုရင်ကြီးကိုယ်တိုင် တရားဝင် ပါမစ်ပေးထားတဲ့သူ ဘယ်သူကိုမှ ဂရုစိုက်စရာမလို ကိုယ်ထင်ရာ ကိုလုပ် ကိုယ့်ထမင်းကိုစား သိပ်မိုက်တဲ့ မိန်းကလေးတစ်ယောက် အလှကြိုက်တဲ့ ပုရိသ ယောက်ျားလေးတွေအတွက် တစ်ညတာ စိတ်ပင်ပန်းမှုးတွေကို ဖြေဖျောက်ချင်သလား အလှတကာ့ အလှထွဋ်တင် သီရိမာဆီမှာ အသာပြာတစ်ထောင်နဲ့ တစ်ညတာခရီးပျော်ပျော်ပါးပါး နွေးလို့ရတယ်လေ။ ၀တ်စားဆင်ရင်မှုတွေက ခေတ်ရေစီကြောင်းကို မှီတဲ့အပြင် မိဘနှင့် မောင်ဘွားတွေ ဆုံးမ၍မလွယ်တာမို့ ပစ်ပယ်လို့ထားပြီထင်ပါရဲ့ မြင်တဲ့သူ အယူမှားလောက်အောင်၊ ဘဲကခွဲထားတဲ့ အပြင် ရင်ကဟိုက်နေတာကြောင့် ဘယ်ယောက်ျားလေးမဆို သူမကို ကြည့်ချင်ကြတာပေါ့….။

          ဘယ်သူတွေ ဘာပြောပြော သူမကပါမစ်နဲ့နေတဲ့သူ နာမည်ရလာတာက ပြည်တန်ဆာ တဲ့၊ သာဝတ္ထိပြည်ကြီးကို ကုန်သည်မှူးနဲ့လာတဲ့ သူဌေးတွေ အတွက် သူမကို အသာပြာတစ်ထောင်ပေးရင် ဘာမဆို လုပ်ပေးရတယ် အစိုးရလည်း သူမကို ဖမ်းဆီးလို့မရ  မိသားစုကလည်း ကြည်ကြည်ဖြူဖြူနဲ့ ပြည်တန်ဆာ အလုပ်လုပ်ခိုင်းခဲ့တယ်လေ။ ဒါပေမယ့် သူမကို တညတာပေါင်းဖေါ်ချင်တဲ့သူတွေ ကတော့ ပြည်တွင်သားတွေအတွက်သာ သူမခန္ဓာကို အပ်နှံ့တတ်တဲ့မျိုးချစ် ပြည်တန်ဆာမ။ သူမကို တစ်ညတာပေါင်းသင်းရာမှာ နိုင်ငံခြားသားဆိုတာ မတွေ့ခဲ့ရပါဘူး။ ဘာပဲပြောပြော သူမကို မချီးမွမ်းပဲ နေလို့မရ နောက်ဆုံးတော့ သူမ မိုက်ခဲ့ လုပ်ခဲ့တဲ့ ပြည်တန်ဆာ အလုပ်ကို ဆုံးမမယ့်သူ ပေါ်လာတဲ့အခါ သူမကိုယ်တိုင်လက်ခံပြီး တရားရသွားတဲ့သူ စွဲလန်းနှစ်သက်တဲ့အထဲမှာ ရဟန်းတော်တွေတောင်ပါသေးတယ် နောက်ဆုံး သူမရဲ့ သေသွားပြီးတဲ့ခန္ဓာကိုကြည့်ပြီး စွဲလန်းတဲ့ ရဟန်းယောက်ျားတောင်ရှိတယ်မလား။

          အခုခေတ် မိန်းကလေး တော်တော်များများဖြစ်ပျက်နေတဲ့ အဖြစ်ကို ကြည့်ရ ကြားရတာ တော်တော်ကို စိတ်မချမ်းသာဘွယ်ဖြစ်မိတယ်၊ မကြာခင်က အင်တာနက်မှာ တွေ့ခဲ့ရတဲ့ မြန်မာမိန်းကလေး နှစ်ယောက်ကို ယောက်ျားလေး လေးငါးယောက်က ၀ိုင်းပြီးနှိပ်စက် ထုထောင်းတာမြင်ရတော့ ဘ၀င်နှလုံး မရွင်မလန်းဖြစ်ခဲ့ရတယ်၊ နောက်တော့ သူမတို့ရဲ့ အဖြစ်ကို သိလာတဲ့အခါကျတော့ ဒီမိန်းကလေးတွေက နိုင်ငံခြားသားတွေနဲ့ တည်းခိုခန်းမှာ သွားအိပ် ပြီးတော့ အတူနေ living together နေထိုင်ကြတဲ့သူတွေ လို့သိခဲ့ရတယ်။ မိမိတို့မြန်မာပြည်အတွက် တော်တော်ကို ရင်မအေးစရာတခုပါ။

          ဒါကြောင့် နိုင်ငံခြားလာပြီး အဲဒီလိုဖြစ်ပျက်နေတဲ့ မြန်မာမလေးတွေအတွက် စေတနာအပြည့်နဲ့ ပြောပါရစေနော်။။။ (ကောင်းကောင်းနေထိုင်သူတွေကို မဆိုလိုပါ) မင်းရဲ့နိုင်ငံခြားလာတဲ့ ရည်ရွယ်ချက်ကဘာလဲ? မိဘနှင့် မောင် ညီမတွေကို အမုန်းဘက်ပြီး နုတ်ဆက်ထွက်ကာ နိုင်ငံခြားလာတာလား ညီမငယ်။ ဘယ်လိုအကြောင်းနဲ့ပဲလာလာ ကိုယ့်ရဲ့ ကာယိနြေ္ဒ ပျက်စီးမယ့်အလုပ်ကိုတော့ မလုပ်သင့်ဘူး ညီမတို့ရေ……. မိဘ မောင် အုပ်ထိန်းသူ ခွင့်ပြုချက်မရှိပဲနဲ့ နိုင်ငံခြားမှာနေပြီး ယောကျားင်္လေးတွေနဲ့ ဟိုတယ် သွားအိပ် တည်းခိုခန်းသွားအိမ် living together နေထိုင်တာတွေက ကောင်းတယ်ထင်သလား အုပ်ထိန်းသူ ခွင့်ပြုချက်မရှိပဲ မေထုန်မှီဝဲခြင်းဟာ ပြည်တန်ဆာ အလုပ်ပါညီမငယ်၊ အထက်က ဖေါ်ပြခဲ့တဲ့ သီရိမာကတောင် မိဘ နိုင်ငံက ဘုရင်ကြီးက ခွင့်ပြုချက်ရလို့ ပြည်တန်ဆာလုပ်တာ ကောင်းသေးတယ်။ မိမိနိုင်ငံနဲ့လူမျိုးအတွက်လည်း သိက္ခာရှိတယ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေနဲ့ ကိုယ့်နေရာဒေသမှာ ပါမစ်နဲ့လုပ်တာ ဒါက ကောင်းသေးတယ်လေ။

          အခုတော့ ညီမတို့ကို မြန်မာအစိုးရက နိုင်ငံခြားသွားပြီး ပြည်တန်ဆာလုပ်ပါလို့ ခွင့်ပြုတဲ့ပါမစ်ပါသလား ဒါမဟုတ် မိဘ အုပ်ထိန်းသူ ခွင့်ပြုလို့ ဒီလိုလုပ်တာလား ဒါဆို ကျွနုပ်မဆိုလိုပါ လုပ်သင့်တဲ့အလုပ်ပါ အခုက ညီမတို့တွေကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဘယ်လောက်ထိ သိက္ခာကျတယ်ဆိုတာကော ညီမတို့တွေးမိလား တကယ့်တော့ တခါမိုက်ခဲ့ရင်လည်း ကိုယ့်နိုင်ငံသားတွေရဲ့ ပြောဆိုဆုံးမတာကို ခံယူသင့်တယ်လေ အခုဟာက အဲလိုမဟုတ်ဘူး ငါ့ဘာသာ ငါ့ထမင်း ငါစား ငါ့ဟာ ငါလုပ်စားတာ နင်နဲ့မဆိုင်ဘူးဆိုတဲ့ အသုံးအနှံးကြီးကိုသုံးခဲ့လို့ မြန်မာ ယောကျာ်းလေးတွေ အချုပ်ခန်းရောက် ရန်ပြစ်လို့အသက်သေသွားတာတွေ ညီမငယ်အတွက်ရော့ ကောင်းရဲ့လား။

          ညီမတို့တွေ နိုင်ငံခြားရောက်နေပြီဆိုတော့ ကိုယ်ပိုင်အသိစိတ်လေးတွေရှိသင့်တယ်၊ တကယ်လို့ ကိုယ့်နိုင်သားတွေက ပြောဆိုဆုံးမရင်လည်း လက်ခံသင့်တယ် ပြီးတော့ ညီမတို့အတွက် ဘယ်မှာလဲ မျိုးချစ်စိတ်ဓါတ်” မြေမျိုလို့ လူမျိုးပျောက်တာ မဟုတ်ဘူး ညီမငယ် လူမျိုလို့ လူမျိုးပျောက်တာ” တကယ်လို့ သားမှတ်မှတ် မယားမှတ်မှတ်နေထိုင်တယ် ထားအုံးတော့ ညီမတို့ဆီက မွေးလာတဲ့ ကလေးလေး အရွယ်ရောက်လို့ ရှင်ပြုမယ့်အချိန်ရောက်ရင် အဲ့ဒီလိုရှင်ပြုခွင့်ကိုကော ညီမငယ်ရဲ့ အချစ်တော် လင်က ခွင့်ပြုမယ်ထင်သလား? ”အလှယစ်မူး  ချစ်ရည်လူးပြီး တိုင်းတပါးသား ရင်ခွင်ကို မခိုလှုံပါနဲ့”လား ညီမငယ်….၊ မြန်မာတွေရဲ့ ရင်ခွင်ကလည်း အေးချမ်း ငြိမ်သက်ပါတယ်။

           ပေါင်ဒါတွေ ရေမွေးတွေသာ မွေးတာမဟုတ်ဘူး ရွေဘိုသနပ်ခါးလည်းမွှေးပါတယ် တောင်ကြီးမောက်မယ်သနပ်ခါးလည်း ရနံ့တွေကြိုင်ပြီးမွှေးပါတယ၊် ညီမငယ်တို့အခုခေတ်မှာ ၀တ်နေတဲ့ စကတ်တို ဟိုခွဲ ဒီခွဲ ခွဲထားတဲ့ အ၀တ်တွေသာ လှတာမဟုတ်ပါဘူး၊ ညီမငယ်တို့ငယ်ငယ်က၀တ်ခဲ့တဲ့ ထပိန် လုံခြည်ကလည်း မြန်မာဆန်ပြီးလှပါတယ်၊ တိုက်တွေကားတွေ အဲယားကွန်းတွေကသာ အေးချမ်းတာမဟုတ်ဘူး ဓနိမိုးအိမ်လေးနဲ့ တမာရိပ် မကျဉ်းပင်ရိပ်တွေကလည်း အေးချမ်းမှုပေးပါတယ်ညီမငယ်။ ပိုက်ဆံ တပုံတစ်ခေါင်းကြီး အပ်နှံတဲ့သူတွေသာ လိမ်မာတာမဟုတ်ဘူး ကိုယ့်နိုင်ငံသား ဆိုက်ကားသမားလေးပေးတဲ့ တရက်တစ်ထောင်တန်သောပိုက်ဆံက စိတ်သန့်သန့်နဲ့ သုံးလို့ လှူလို့ကောင်းပါတယ် ညီမငယ်၊ ညီမငယ်ပြန်လာမယ့် လမ်းမှာ နိုင်ငံခြားကပြန်လာတဲ့ မိန်းကလေး လူတကာအထင်မသေးရအောင်လေ ညီမရဲ့ ခန္ဓာကိုယ်ကိုစောင့်ထိမ်း လူမျိုးနဲ့ နိုင်ငံကို သိက္ခာကျအောင် ဘယ်တော့မှ မလုပ်နဲ့ညီမငယ်။

 တကယ်လို့ မှားခဲ့တာရှိခဲ့ရင်လည်း ညီမတို့ကို ဆုံးမတဲ့ အဖွဲ့အစည်းက ပြောဆိုဆုံးမတာကို လိုက်နာပါညီမငယ်။ အခုဟို VIDEO မှာတဲ့ မိန်းကလေး နှစ်ယောက်လိုတော့ မထီမေ့မြင် မလွန်ဆန်လိုက်ပါနဲ့။ထပ်ပြီးပြောလိုက်ပါရစေ ညီမငယ် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်သာဖြစ်ပါစေ၊ အဆင့်သာရှိပြီး အနှံ့မရှိတဲ့ မိုးဆွေပန်းလိုတော့ မဖြစ်ပါစေနဲ့ နိုင်ငံခြားရောက် မြန်မာယောကျာင်္းလေးတွေ အနေနဲ့လည်း နိုင်ငံခြားသားတွေနဲ့ တွဲသွားတွဲလာလုပ်နေသော မိန်းကလေးများကို ဆုံးမမည့် အဖွဲ့အစည်း တော်တော်များပေါ်ပေါက်ပါစေလို့ ဆုတောင်းရင်း ဦးဇင်းရဲ့ စာကို ချစ်ညီငယ်(မော့သော) ရေးသားတဲ့ ကဗျာလေးနဲ့ နိဂုံးချုပ်ပါစေ။။။။။။။

အားလုံးက ၀ိုင်းငေးကြ သိပ်များတယ်လို့ ထင်နေသလား ညီမငယ်
လူတကာ အာရုံစိုက် သိပ်မိုက်တယ် မထင်ပါနဲ့
အများရဲ့ မြင်အာရုံ တဖုံစီကွဲတာမို့
တချို့က တမင်ရွဲ့၊ ကဲ့ရဲ့လို့ကြည့်ကြတယ်
တချို့က တဏှာထ၊ ရာဂကြောင်ကြည့်ကြတယ်
အကြည့်ပေါင်းများစွာကို သင်အာမနာရော့သလား ညီမငယ်
လွဲမှားတဲ့ ၀တ်ဆင်မှုဟာ၊ အန္တရယ်တခုနဲ့ နီးစပ်တယ်နော်
မိဘနဲ့ မောင်ဘွားဆုံးမ၍မလွယ်တာမို့ ပစ်ပယ်လို့ထားပြီထင်ပါရဲ့
မြင်တတ်သူ အတုယူမှားအောင်၊ ဘေးကခွဲကာထားတဲ့အပြင်
ရင်ကဟိုက်နေတာကြောင့်၊ လေတိုက်မှာပင်မတွေးရဲ
ဘေးကွဲတာက ရင်မအေးစရာ၊ အပြေးကလေးကားပေါ်တက်ပြန်တော့
အခက်အခဲတွေနဲ့ကြုံပြန်၊ ကာယကံရှင်ကမရှက်
မြင်သူကရတက်ပွေ၊ ခက်တာက ကြော်ငြာခေတ်မို့
စေတနာအစစ်နဲ့မေးပါရစေ ညီမငယ် မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ?



Monday, 2 January 2012

မှီဝဲသင့်သော အဟာရများ


           ( မတူကွဲပြားသောထေရ၀ါဒနိုင်ငံတစ်ခု မှ ကိုယ်တွေ့မှတ်တမ်းလေးများ ၁ )
 တကယ်ဆို မိမိသည် သူများတွေနဲစာလျှင် ဒီတက္ကသိုလ်ကြီးတွင် ကလေးသာသာလေးသာရှိပါသေးသည် နိုင်ငံခြားအတွေ့အကြုံနည်းပါးမှု့ကြောင့်လည်း အစစ အရာရာ အခက်အခဲတွေနဲ့ရင်ဆိုင်ရသည်။ ကွဲပြားခြားနားသော ကျောင်းသားတွေရဲ့ အလေ့အကျင့်တွေက အစ အကုန်လေ့လာနေရသည်။ တက္ကသိုလ်ကြီးကိုရောက်ရောက်ချင်း ခံစားလိုက်ရသည့်ခံစားမှူ့က စိတ်ညစ်မှူ့ဆိုလျှင်ပိုမှန်ပေလိမ့်မယ် အစစအရာရာ အဆင်မပြေမှူ့တွေနဲ့ပဲ မိုးလင်းမိုးချူပ်ရသည်  တစ်ခါတစ်လေ မနက်ဖန်ရောက်လာမည်ကိုတောင်ကြောက်နေမိသည်ဘာသာစကား၊ အစားအသောက် ၀တ်ပုံစားပုံကအစစအရာရာက ကွဲပြားခြားနားနေသည်။

မိမိတို့နိုင်ငံနဲ့လုံးဝမတူ ထိုမတူသော အရာတစ်ခုကိုတူအောင်လုပ်နေရသည်က ဘ၀မှာတကယ်ပင်စိတ်ညစ်စရာကောင်းလှသည်။ကျောင်းတက်ရတော့လည်းအတန်းခေါင်ဆောင်လုပ်ရသည်အတိအကျအဆိုရသော်မိမိတို့အတန်းတွင်ကျောင်းသားခြောက်ဆယ့်သုံးယောက်ရှိသည် ထိုကျောင်းသားများသည် ခြောက်နိုင်ငံ မှ လာသောကျောင်းသားများဖြစ်ကြပါသည်။ တစ်ခါတစ်လေ အင်္ဂလိပ်လိုပြောပြန်တော့လည်း ကိုယ်ပြောတာသူတို့နားမလည် သူတို့ပြောတာကိုလည်း ကိုယ်နားမလည်နဲ့ စိတ်ရှုပ်ရတာကအမောပင်။ မိမိတို့တက္ကသိုလ်တွင် programe အားဖြင့် နှစ်မျိုးရှိသည် International programe နှင့် Thai programe တို့ဖြစ်ကြသည် .မိမိတို့သည် internaltionalprogram ကျောင်းသားများဖြစ်ကြသည်။ ဘာပဲပြောပြောမိမိတိုသည် ပထမ ဆီမီဆတာတစ်ခုကို အခက်အခဲပေါင်းများစွာနဲ့ အောင်မြင်စွာ ဖြတ်သန်းခဲ့သည်။

လူသားတို့၏ လူ့ဘ၀သည်ကား  မသေချာမှူ့နဲ့ဖွဲ့စည်းထားသော ပုံသေ သတ်မှတ်ချက်ကင်းမဲ့သော ကြိုတွင်တွက်ချက်မရသော တစ်ခုတည်းသော သေချာမှူကင်းမဲ့သောအရာပင်ဖြစ်သည်။ အတိအကျပြောရသော် မိမိတို့စာမေးပွဲပြီးလို့နောက်ဆုံးနေ့မှာပင်  မိမိတို့နေသော hostel အောက်ထပ်သည် ရေအောက်ကိုရောက်သွားလေသည်။ လူသားတို့၏လူ့ဘ၀သည် သေချာမှူကင်းမဲ့သော ကြိုတင်တွက်ချက်မရသော ပုံသေနည်းကင်းမဲ့သော တစ်ခုတည်းသော မသေချာသော   အရာတစ်ခုပင် ဖြစ်ပေသည်။

       တကယ်ဆိုမိမိအနေနဲ့ဒီအလုပ်သည်အထူးအဆန်းတစ်ခုလိုဖြစ်နေသည် အဘယ်ကြောင့်ဆိုသော် မိမိတို့သည် secend semiter meditation အတွက်တရားထိုင်ရမည်ဖြစ်သည်။ ပြန်ရောက်လျင်လည်း ကိုယ်တွေ့အရာတွေကို အဆိုင်းမက်တင်ရမည် ဒါမှသာလျင် အောင်မှတ်ရမည်။ တကယ်ဆိုမိမိသည် စာသင်သားတစ်ယောက်အနေနဲ့ရန်ကုန်တွင် ဆယ်နှစ်ကျော်နေထိုင်ခဲ့ဖူးသည် တရားဆိုတစ်ခါမှ တစ်နာရီကြာအောင်မထိုင်ဖူးးချေ။ တရားထိုင်ချင်လျင်၇ိပ်သာသွားဟု စာသင်သားလောကတွင် ပြောဆိုလေ့ရှိသည် စာသင်တိုက်သည် တရားထိုင်ရန်နေရာမဟုတ်ဟု နားလည်လာခဲ့သည် ထို့အတူ ဘုန်းကြီးကျောင်း တော်တော်များများသည်လည်း တရားထိုင်ရန်နေရာမဟုတ်သကဲ့သို့ စိတ်ထဲမှာထင်လာမိခဲ့သည်။ ဘုန်းကြီးကျောင်းသည် ဘုန်းကြီးနေရာသာဖြစ်သည် သို့သော် တရားထိုင်ရာနေရာမဟုတ်သကဲ့ပင်ဖြစ်သည်။ 
      
         ကျောင်းထိုင်ဆရာတော်တော် တော်တော်များများကလည်းတရားထိုင်ဖို့ကို မသင်ပေးဖူးပါ၊ တကယ်လို့သာ တစ်စုံတစ်ယောက်သည်  တရားထိုင်ချင်လျင်ရိပ်သာကိုသွားရမည်မှာသေချာသည်၊ ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတော်တော်များများသည်။ ပရိယတ္တိအမည်ခံထားကြသည် တရားထိုင်စရာမလို တစ်ချို့ကျောင်းမှာဆိုလျင် ဘုရားတောင်ရှိမခိုးဘူးဟုကြားသိရသည်။ တချို့သော စာသင်တိုက်တွေမှာတော့ အိပ်ရာဝင် အိပ်ရာထ ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့်သာ တရားရှူးမှတ်ရပါသည်။ ထေရ၀ါဒငါးနိုင်ငံတွင် မြန်မာနိုင်ငံသည်သာသနာ အထွန်းတောက်ဆုံး အအောင်မြင်ဆုံးသော နိုင်ငံတနိုင်ဖြစ်သည်။

           ထေရ၀ါဒအထွန်းတောက်ဆုံးသောနိုင်ငံကထွက်ခွါလာသော မိမိတို့မြန်မာ ရဟန်းတော်များသည် ၀ိပဿနာနဲ့ပတ်သက်လျင် အားနည်းနေသည်ကို အံသြစွာတွေ့ရှိရပါသည်။ အဘယ်ကြောင့်နည်း အဖြေကတော့ ရှင်းပါသည် တရားမထိုင်ဖူးလို့ဟုဖြေရလိမ့်မည်။ စာသင်သားသည် တရားထိုင်စရာမလိုဟုယူဆထားလို့ဟုဖြေရမည်။ နောက်တစ်ခုထပ်ပြောရမယ်ဆိုလျှင် တရားထိုင်သည်ဆိုသည်မှာ လူတွေအလုပ်ဟုသာထင်ထားသည် ဘုန်းကြီးတွေထိုင်စရာမလိုဟုထင်မိသည်။ အဘယ်ကြောင့်ဆိုသော် ဘုန်းတော်ကြီးများသည် ကိုယ့်ကျောင်းတွင်ကိုယ်ထိုင်သည်ဟုယူဆထားသည်။ တရားအကြောင်းကိုလည်းဟောနိုင်သည်. ၀ိပဿာနာအကြောင်းကိုလည်းကောင်းကောင်းဟောနိုင်သည် သို့သော် ကိုယ်တွေ့မဟုတ် စာတွေ့များနေသည်။ မိမိတို့နိုင်ငံတွင် ပရိယတ္တိနဲ့ပဋိပတ္တိသည် အထူးကွာခြားနေသည်။ အထူးအားဖြင့်ဆယ်ကျော်သက် စာသင်သားတို့မှာ အလွန်ဝေးကွာလွန်းလှသည်။
        
       ထိုကြောင်း စာသင်သားများအားတစ်နှစ်လျှင်တစ်ကြိမ်ခန့်တရာစခန်းဝင်လို့ပဲဖြစ်ဖြစ် တောရဆောက်တည်လို့ပဲဖြစ်ဖြစ်လေ့ကျင့်ပေးသင့်သည်ဟုထင်မိသည်။ ကိုရင်ဆိုသည်မှာ ဆရာတော်အလောင်းလျာပင်မဟုတ်ပါလော။တစ်နေ့လျင် ထိုကိုရင်သည်ပင် ဆရာတော်ဖြစ်လာမှာသေချာသည်။ (လူမထွက်လျင်) ထို့ကြောင်းလည်း ၀ိပဿနာအကြောင်းကို ကိုယ်တွေ့သိအောင် ငယ်စဉ်ကတည်းက တစ်နှစ်တစ်ကြိမ်ခန့်လေ့ကျင့်ပေးလျင် ပရိယတ္တိရော ပဋိပတ္တိပါကျွမ်းကျင်သော ဆရာတော်တစ်ပါးဖြစ်လာမှာသေရှာသည် မဟုတ်ပါလော။

           မြန်မာနိုင်ငံတွင် စာသင်နှစ်ပြီးတိုင်း တရားမထိုင်မနေရဟု သတ်မှတ်ထားတာ သာသနာ့တက္ကသိုလ်တစ်ခုတည်းပင်ရှိသည် တကယ်ဆို စာသင်တိုက်ကြီးများ အနေဖြင့်လည်း စာသင်နှစ်ပြီးတိုင်း တရားစခန်း တနှစ်တခါလောက်တော့ ၀င်သင့်သည်ဟု ထင်မိသည် ယခုမိမိတို့တက်ရောက်နေသောတက္တသိုလ်တွင် ကျောင်းသားအားလုံးသည် တစ်နှစ်လျင် ဆယ်ရက်တောထွက်တရားကျင့်ရသည် စာမေးပွဲအတွက်လည်းဟုတ်၏။
ယခုနှစ်တရားထိုင်သောသံဃာတော်သည် တစ်ထောင်ကျော်ခန့်ရှိသည်။ အားလုံးသောသံဃာတွေမှာ ကိုယ့်ခြင်ထောင် ကိုယ့်တဲကုတ်လေးယူရသည် သပိတ် သင်္ကန်းသုံးထည်ေ၇ချိုး ခွက်စသည်တို့ကို မိမိဘာသာမိမိယူဆောင်ရသည်။    

         သံဃာတော်များကိုမြင်ရသည်မှာလည်းကြည်ညိုစရာအလွန်ကောင်းလှသည် အော်ငါတို့နိုင်ငံမှာဆိုလျင် ဘယ်လောက်ကောင်းလိုက်မလဲဟု မိမိတွေးမိသည်။ ထိုင်ကြောင့်လည်း ယခုကဲ့သော ပြုမူကျင့်သုံးးသော နည်းလမ်းသည် မှီဝဲသင့်သော အတုခိုးသင့်သော  နည်းလမ်းတစ်ခုဖြစ်သည်ဟုစာရေးသူထင်မိသည်။ မှီဝဲသည် ဟူသောစကားသည် ကောင်းသော အရာကို အတူယူပြီး ကျင့်သုံးအရာကိုခေါ်သလို မကောင်သေားအရာကိုရှောင်ရှားပြီး ကျင့်သုံးသည်ကိုလည်း မှီဝဲသည်ဟု ဆိုလိုချင်သည်။ လတ်ဆန့်သော သစ်သီးသစ်ရွက်ကိုစားသုံးခြင်းသည် ခန္ဒာကိုယ်အတွင်းဝင်လိုသော ဓါတ်များကို ဖြည့်စွက်ပေးသည်ဆိုလျင်လူတိုင်းသည် ထိုအဟာရကိုစားသုံးမှီဝဲသင့်သည် ထို့အတူ ထေရ၀ါဒ သာသနာတွေအတွက် အကျီုးရှိသည့် လုပ်ငန်းဆိုလျှင်မည်သည့်နိုင်ငံမဆို  သာသာနာတော်အကျိုးရှိဖို့အတွက် မှီဝဲ လုပ်ဆောင်သင့်သည်ဟု စာရေးသူတွေးမိပါသည်။
  
                         (ထေရ၀ါဒသာသနာ့ အကျိုးမျော်ကိုးလျှက်)
                                  Ashinidamiczu
                              Mahachula University                             
                                     thai


 ကျောင်းသားများတရားထိုင်နေစဉ်    
 (အာရုဏ်ဆွမ်းမစားမီ တရားဆင်ခြင်နေစဉ်)