မိုးသည်းထန်နေတဲထိုတစ်ည၊အငြိုးကြီးစွာ ပစ်ချနေတဲ့
မိုးကြိုးပစ်သံတွေကြားမှာ
ငိုရှိုက်သံ သဲ့သဲ့လေးကြားလိုက်ရတယ်….။ စူးစမ်းရှင်တဲ့
စိတ်ကြောင်း အဲဒီအနားကို
အပြေးကပ်သွားတဲ့အခါ မိန်းမပျော်လေးတစ်ယောက် ဘ၀ပြေးလမ်းမှာ
ခြေခေါက်လဲလို့
HIV စွဲကပ်နေပြီတဲ့………….။
သူအဖေက စစ်မြေမြင်အသွားမှာ ထိမှန်တဲ့ ဗုံးတစ်လုံးကြောင့် ဒုက္ခိတ ဘ၀ရောက်
တိုင်းပြည်တာဝန်ခံယူထားလို့ မြင့်မြတ်ပါတယ်လို့ခံယူထားတဲ့ အဖေ....။ဆေးပငစင်စားသမားများ အိမ်ခန်းမှာ မထားနိုင်ဆိုတဲ့
စာရွက်လေးကိုကိုင်ကာ အခုတော့…..ကြိုက်မနိုင်ခံမရ ဒေါသပုန်းထနေပြီ..။
နှစ်(၂၀) တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတစ်ယောက်ရဲ့အကျိုးအမြတ်က ဒုက္ခိတ ဘ၀နှင့်အဆုံးသတ် ဘယ်နေရာကို ဆွဲကပ်ရမလဲဆိုတာကို စဉ်းစား လက်ထဲက ရွေတမူးသားနဲ့သူရဲကောင်းတံဆိပ်တုံးကို ငေးမောကြည့်ရင်း သူမျက်ဝန်းမှာမျက်ရည်စတွေစီးကျလာနေပြီ…မိတ်ဆွေတစ်ယောက်ရဲ့
အကူအညီကြောင်း ရန်ကုန်ကိုရောက် လှိုင်သာယာ လယ်ကွင်းထဲမှာအိမ်ဆောက် မဖြစ်စလောက်တဲ့ ငွေကြေးလေးနဲ့ ထနိမိုး ထရံကာ ကြမ်းခင်းလေးတောင် မလောက်ငခဲ့ဘူး။
လေတိုက်ရင် ယိုင်နဲ့နေတဲ့ ထိုတေးလေးမှာ မိသားစုဘဝ
ပြန်လည်တည်ဆောက်ခဲ့ကြတယ်။
သေနတ်ကိုင်တာကလွဲပြီး တစ်ခြားအရာဆို ဘာမှမသိတဲ့ စစ်သားကြီး ဒုက္ခိတ အဖေ…….
အရပ်တကာကို လှည့်ကာ အ၀တ်လျှော်ခဲ့တဲ့ အမေ သူတို့နှစ်ဦးပေါင်းလို့ ပေါက်ဖွားလာတာ သားသမီး
ခြောက်ယောက် ထမင်းဆိုတာ နပ်မမှန်လို့ဆန်ပြုတ်သောက်လာခဲ့တဲ့ ရက်တွေကများလာခဲ့ပြီ… အကြီးဆုံးဖြစ်တဲ့ ကျမ တက္ကသိုလ်ကဘွဲ့ရလို့
အလုပ်လုပ်ဖို့ကြိုးစားနေတဲ့အချိန်
စားဝတ်နေရေး အဆင်ပြေစေဖို့ မလယ်မ၀ယ်နဲ့ အမေ ဈေးသည်လုပ်ခဲ့တယ်…။
မညီမျှတဲ့ ၀င်ငွေကြောင့် မောင်နှတွေ စာသင်ကျောင်းကို
ကျော့ခိုင်းစွန့်ခွါ မောင်လေးက ဒုတ်တစ်ချောင်းနဲ့အမှိုင်းပုံးများစွာကိုထိုဆွ သူလိုချင်တဲ့ အရာကို
ရှာဖွေတတ်ခဲ့တယ်။ အငယ်နှစ်ကောင်က ပန်းကောက်
ထမင်းနပ်မှန်ဖို့ အားလုံးကြိုးစားကာ ထောက်ပံ့ပေးခဲ့ကြတယ်။
အလာကားမနေလိုတဲ့ ဆန္ဒနဲ့ ရန်ကုန်မြို့အနှံ့လျှောက်သွားပြီး အလုပ်တခုရဖို့အရေးကို
ကြိုးစားခဲ့ပါသေးတယ်…………ဒါပေမယ်….ဘာအမြီးမှမပါတဲ့ ကျမအတွက် အလုပ်တခုရဖို့ သိပ်ကိုခက်ခဲ့ပါတယ်။ ကားမစီးနိုင်လို့ လမ်းလျှောက်ခဲ့ရတာ ခိုင်ပါတယ်ဆိုတဲ့
ကားတာယာဖိနပ် အခုတော့ ပါးလှပ်လှပ်လေးဘဲ ကျန်တော့တယ် ။
ငွေပိုမပါလို့ ရေငတ်တာတောင် ၀ယ်မသောက်နိုင်တဲ့ဘ၀ ရေအိုးစဉ်တွေ့တိုင်း သာဓုခေါ်မိတာအမှန်ပါဘဲ။
ဆိုးဝါးတဲ့ ကံကြမ္မာမုန်တိုင်းက နှိပ်စက်တာအားမရလို့ အခုအဖေဆေးရုံကိုရောက်နေခဲ့ပြီ။
ငွေမပါရင် မကြည့်ဖြူတဲ့ အသိုင်းအ၀ိုင်းတခုက ကျွန်မတို့ကို ငြူစူစွာ ဆက်ဆံခဲ့တယ်။ စိတ်ညစ်လို့လမ်းထွက်လျှောက်ရင်း
အဖေ့အတွက် စဉ်းစားကာမျက်ရည်ကျခဲ့ကြတာ အခါခါပါဘဲ။
ဒီလိုနဲ့လူတယောက်က ကျမနောက်ကိုလိုက်လာရင်း သူပြောလိုက်တဲ့စကားကြောင်း
တကိုယ်လုံး ထူပူသွားပေမယ့် သေရှာစဉ်းစားဖို့ခွန်အားမရှိခဲ့ဘူး သူပေးတဲ့ငွေကြောင့် အဖေ့ရောဂါ
မပျောက်ခဲ့ရင်တောင်…. ခက်ခဲနေတဲ့ လက်ငင်းပြဿနာကို ဖြေရှင်နိုင်တာ အမှန်ဖြစ်လို့ ကျမငြင်းဆန်နှိုင်ခြင်း
မရှိခဲ့ပါဘူး။
ကောကဓံရဲ့ ရိုက်ပုတ်ချက်ကြောင့် ကျမဘ၀ လမ်းဘေးမှာ
အပျိုရည်ပျက်ခဲ့ရတယ်။ အဲဒီကရတဲ့ ငွေလေးနဲ့ အဖေ့အတွက် ဆေးပြေးဝယ် တာဝန်ကျ ဆရာဝန်ကို
မျက်နှာချိုသွေးလို့ ဆေးကုပေးဖို့ တောင်းပန်ခဲ့ရတယ်။ ကံဇာတ်ဆရာရယ် ကစားတာရပ်ပါတော့လို့
အခါခါတောင်းပန်ခဲ့ပေမယ့် ဒုက္ခိအဖေကို ရောဂါပေါင်းစုံကနှိပ်စက်လို့ ကျမရဲ့ဘ၀ ထပ်မံနစ်မွန်းခဲ့ရတယ်…။
ပညာရှင်ဖြစ်စေလိုတဲ့ အဖေဆန္ဒ ပြည့်မြောက်လို့ ချီးမွန်းမြှောက်တဲ့ ဘွဲ့တံဆပ် စာရွက်လေးကို
ရင်ခွင်ပိတ်ထားကာ ကြည်နုနေတဲ့ ကျမအဖေ…….ကို သူ့သမီးမိုက် ကလပ်ကိုရောက်တာမသိပါစေနဲ့…။
ချမ်းသာသူတို့စည်းစိမ်ခံဖို့အရေး ကျမဘ၀လေးကို ပေးဆပ်နေတာကို ရသတဏှာကြောင့် သူတို့မှာ
ချိုမြနေပေမယ့် ငွေကြေးအတွက် ဝေဒနာကို ပြေးဖက်နေရတဲ့ ကျမတို့ဘ၀ကို တချက်လောက်တော့ ကိုယ်ချင်းစာကြည့်စေချင်တယ်..။
ဒီလိုနဲ့ ကျမ အသွေးအသားဈေးသည်ဘ၀ကို ခြေချကာလို့
ကျင်လည်ရာက ကုမရတဲ့ ဝေဒနာ စွဲကပ်လာခဲ့ရတယ်။ အားလုံးကို အနှစ်ချုပ်လို့ ပြန်စဉ်းစားတိုင်း
အသုံးမကျတဲ့ အုပ်ချုပ်မှု ပုံစံစနစ်ကြောင့် ကျမတို့ မျိုးဆက်သစ်တွေ ရေတိမ်နစ်ခဲ့ရပြီလေ…..။
အချိန်တန်လို့ လူသားဘ၀ သေကြရမှာ အမှန်ဖြစ်ပေမယ့် ဒီလိုဘ၀ကြီးနဲ့ အဆုံးသတ်ရတာ ဘယ်သူမှာ
အပြစ်ရှိလည်း သေရှာစွာ စဉ်းစားပေးလို့ နောက်ဆုံးဆန္ဒ အနေနဲ့တင်ပြပေးပါ အစ်ကိုရယ်…..တဲ့….။
မင်းပြောသမျှကို စာပန်းချီချယ် မင်းခံစာချက် အစစ်ကို
ထုတ်ပြလို့ ရင်နာစရာ ကဗျာတပုဒ်အဖြစ် ငါတင်ပြရင်း.. အို…….မိန်းကလေးရယ်…….နောင်တချိန်လူသားဘဝ
မင်းပြန်ရခဲ့ရင်…. အခုလို အဖြစ်အပျက် အကြုံတွေ့ပါရစေနဲ့လို့ ၀မ်းနည်းဂရုဏာကြောင့် မျက်ရည်တွေစိုရွဲစွာနဲ့ဆုတောင်းပေးလိုက်ပါတယ်။
အမည်မသိစာရေးဆရာတဦးရဲ့စာကို ကြိုက်နှစ်သက်လို့တင်ထားသည်။
No comments:
Post a Comment